သူတို့သည် ထ၍ ကိုယ်တော်ကို မြို့ပြင်သို့ နှင်ထုတ်ပြီး တောင်ပေါ်မှ တွန်းချရန် မြို့တည်ရာ တောင်ကမ်းပါးအစွန်းအထိ ခေါ်ဆောင်သွားကြ၏။
ဟေဗြဲ 13:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ယေရှုသည် လူတို့ကို မိမိအသွေးအားဖြင့် စင်ကြယ်စေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။ Common Language Bible ဤအကြောင်းကြောင့်သခင်ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့၏အပြစ် ဒုစရိုက်များကိုဆေးကြောပေးနိုင်ရန်မြို့ တံခါး၏အပြင်ဘက်၌အသေခံတော်မူ၏။- Garrad Bible ယေ ရှု လည်း အ သွေး တော် အား ဖြင့် လူ မျိုး တော် ကို သန့် ရှင်း စေ ခြင်း ငှာ မြို့ တံ ခါး ပြင် မှာ အ သေ ခံ တော် မူ ၏။ Judson Bible ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှာ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့ကိုသန့်ရှင်းစေရန် မြို့တံခါးအပြင်၌ ဒုက္ခဝေဒနာခံစားတော်မူ၏။ |
သူတို့သည် ထ၍ ကိုယ်တော်ကို မြို့ပြင်သို့ နှင်ထုတ်ပြီး တောင်ပေါ်မှ တွန်းချရန် မြို့တည်ရာ တောင်ကမ်းပါးအစွန်းအထိ ခေါ်ဆောင်သွားကြ၏။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
သို့သော်လည်း စစ်သားတစ်ဦးသည် ယေရှု၏နံဘေးတော်ကို လှံဖြင့် ထိုးရာ သွေးနှင့်ရေ စီးထွက်လာ၏။
ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။
သင်တို့ထဲမှ တချို့သည် ယခင်က ထိုကဲ့သို့သောသူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခုတွင် သခင်ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခံရကြပြီ။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
ထိုစပျစ်သီးများကို မြို့ပြင်တွင်ရှိသော စပျစ်သီးနယ်သည့်ကျင်း၌ နယ်၏။ ထိုစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာသော ထိုသွေးချောင်းသည် အနက်ငါးပေခန့် ရှိပြီး အလျားတစ်ရာရှစ်ဆယ့်လေးမိုင်ခန့်ရှိ၏။