ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဟေဗြဲ 12:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။ Common Language Bible ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။- Garrad Bible သို့ ဖြစ်၍ မိန့် မြွက် တော် မူ သော အ ရှင် ကို မ ငြင်း ပယ် မိ စေ ရန် သ တိ မူ ကြ လော့။ မြေ ကြီး ပေါ်၌ ဗျာ ဒိတ် ပေး တော် မူ သော အ ရှင် ကို ငြင်း ပယ် သူ တို့ သည် ဘေး မ လွတ် ကြ သည် မှန် လျှင် ကောင်း ကင် ဘုံ က ဗျာ ဒိတ် ပေး သော အ ရှင့် ထံ မှ လွှဲ ဖယ် ကြ သော ငါ တို့ သည် သာ၍ မ လွှတ် နိုင် ချေ။ Judson Bible သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။ |
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
‘မည်သူသည် သင့်ကို အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်း’ ဟု ငြင်းပယ်ခံရသောမောရှေကို ဘုရားသခင်သည် ချုံပုတ်တွင် ကိုယ်ထင်ပြသောကောင်းကင်တမန်အားဖြင့် အုပ်ချုပ်သူနှင့် ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်းအတွက်ဖြစ်စေ၊ လူတိုင်းအတွက်ဖြစ်စေ အကျိုးရှိသောအရာများကို အမြဲကြိုးစားလုပ်ဆောင်ကြလော့။
ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
တံပိုးမှုတ်သံနှင့် ဘုရားသခင်မိန့်တော်မူသောအသံ ထွက်ပေါ်လာသည့်တောင် ဖြစ်၏။ ထိုအသံတော်ကို ကြားရသူများသည် မိမိတို့အား ထပ်၍ မိန့်တော်မမူရန် ဘုရားသခင်အား တောင်းပန်ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
အနှစ်လေးဆယ်အတွင်း ဘုရားသခင် အမျက်ထွက်တော်မူသောသူတို့မှာ မည်သူတို့နည်း။ အပြစ်ကျူးလွန်၍ တောကန္တာရ၌သေသောသူများ မဟုတ်လော။
မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင်၏ညီအစ်ကို ပရောဖက်တို့နှင့် ဤစာစောင်ကို လိုက်နာသောသူအားလုံး၏ အစေခံချင်းဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့” ဟု ဆိုလေ၏။