ချိုင့်ဝှမ်းများ ရှိသမျှတို့သည် ညီညာချောမွေ့ရလိမ့်မည်။ တောင်ကုန်းတောင်တန်းများသည် ညီညာပြန့်ပြူး သွားရလိမ့်မည်။ ကောက်သောလမ်းများသည် ဖြောင့်တန်းသွားရလိမ့်မည်။ ကြမ်းတမ်းသောလမ်းများသည်လည်း ချောမွေ့ပြေပြစ်လာရလိမ့်မည်။
ဟေဗြဲ 12:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခြေမသန်သောသူတို့သည် အဆစ်မလွဲဘဲ ကျန်းမာသန်စွမ်းလာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းကို ပြင်ဆင်ကြလော့။ Common Language Bible လမ်းဖြောင့်များတွင်ဆက်လက်၍လျှောက်သွား ကြလော့။ သို့မှသာလျှင်မစွမ်းမသန်သောခြေ သည်ချိနဲ့၍မနေဘဲစွမ်းသန်၍လာလိမ့်မည်။ Garrad Bible ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။ Judson Bible ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှာ၊ သင်တို့သွားဖို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။ |
ချိုင့်ဝှမ်းများ ရှိသမျှတို့သည် ညီညာချောမွေ့ရလိမ့်မည်။ တောင်ကုန်းတောင်တန်းများသည် ညီညာပြန့်ပြူး သွားရလိမ့်မည်။ ကောက်သောလမ်းများသည် ဖြောင့်တန်းသွားရလိမ့်မည်။ ကြမ်းတမ်းသောလမ်းများသည်လည်း ချောမွေ့ပြေပြစ်လာရလိမ့်မည်။
သူတို့သည် စစ်မှန်သောသတင်းကောင်းနှင့်အညီ ပြုမူနေထိုင်ခြင်းမရှိကြောင်း ကျွန်ုပ်မြင်သောအခါ သူတို့အားလုံးရှေ့၌ ပေတရုအား “သင်သည် ဂျူးလူမျိုးဖြစ်သော်လည်း ဂျူးလူမျိုးကဲ့သို့ မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့ နေထိုင်လျှင် လူမျိုးခြားတို့အား ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာကို လိုက်နာရန် အဘယ်ကြောင့် အတင်းအကျပ် စေခိုင်းသနည်း” ဟု ဆို၏။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။
ထို့ကြောင့် သင်တို့သည် ကျန်းမာခွင့်ရရန် မိမိတို့၏အပြစ်များကို အချင်းချင်း ဖွင့်ဟဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ၏ဆုတောင်းခြင်းသည် အလွန်တန်ခိုးကြီး၍ ထိရောက်၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။