ဟေဗြဲ 12:13 - Common Language Bible13 လမ်းဖြောင့်များတွင်ဆက်လက်၍လျှောက်သွား ကြလော့။ သို့မှသာလျှင်မစွမ်းမသန်သောခြေ သည်ချိနဲ့၍မနေဘဲစွမ်းသန်၍လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible13 ခြေ ဆွံ့ သူ တို့ သည် အ ဆစ် မ လွဲ ဘဲ သန် စွမ်း ခွင့် ရ ကြ စေ ရန် သင် တို့ ခြေ ကြွ ရာ လမ်း ကို လည်း ညီ ညွတ် စေ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible13 ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှာ၊ သင်တို့သွားဖို့ရာ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ခြေမသန်စွမ်းသူတို့သည် အဆစ်လွဲခြင်းမရှိဘဲ အကောင်းပကတိဖြစ်လာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းတို့ကိုပြင်ဆင်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ခြေမသန်သောသူတို့သည် အဆစ်မလွဲဘဲ ကျန်းမာသန်စွမ်းလာစေရန် သင်တို့၏ခြေအတွက် ဖြောင့်သောလမ်းကို ပြင်ဆင်ကြလော့။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-