ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
ဟေဗြဲ 11:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူ့အကြောင်းကို ဆက်၍ ဥပမာ ပေးရမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်း အသေးစိတ်ပြောရန် ကျွန်ုပ်တွင် အချိန်မရှိပါ။ Common Language Bible ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။- Garrad Bible ထပ် မံ၍ မည် သို့ ပြော ဆို ရ ဦး မည် နည်း။ ဂိ ဒေါင်၊ ဗာ ရက်၊ ရှံ ဆုံ၊ ယေ ဖ သ၊ ဒါ ဝိဒ်၊ ရှ မွေ လ မှ စ၍ ပ ရော ဖက် တို့ အ ကြောင်း ပြန် ကြား လျှင် အ ချိန် လောက် မည် မ ဟုတ်။ Judson Bible ထိုမှတစ်ပါး၊ အဘယ်သို့ ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ထပ်၍ မည်သည့်အကြောင်းကို ပြောရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်တို့၏အကြောင်းများကိုပြောလျှင် အချိန်လောက်မည်မဟုတ်။ |
ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ယေရှုပြုတော်မူသော အခြားအမှုများစွာရှိသေး၏။ ထိုအမှုရှိသမျှတို့ကို တစ်ခုချင်း ရေးသားပြုစုရလျှင် ထိုရေးသားပြုစုထားသော ကျမ်းဂန်များသည် ကမ္ဘာမဆံ့သည့်တိုင်အောင် များပြားမည်ဟု ကျွန်ုပ်ထင်မြင်မိပါ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ပြီးပါပြီ။
ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။
ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့် ကြာ၏။ ထိုပြည်တို့ကို တရားသူကြီးများအား အုပ်ချုပ်ခွင့်ပေးတော်မူသည်မှာ ပရောဖက်ရှမွေလအချိန်ထိတိုင်ဖြစ်၏။
ပရောဖက်ရှမွေလမှစ၍ သူ၏နောက်၌ ပေါ်ထွန်းသော ပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်များကို ဟောပြောခဲ့ပြီ။
သို့သော်လည်း ကျွန်ုပ်တို့၏ မတရားမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေါ်လွင်ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့အပေါ် အမျက်တော်ကျရောက်စေတော်မူသော ဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ ဤအရာကို လူသားတစ်ယောက်အနေဖြင့် ကျွန်ုပ်ပြောဆိုခြင်းဖြစ်၏။
ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဂျူးလူမျိုး၏ ဘိုးဘေးအာဗြဟံသည် မည်သို့ကြုံတွေ့ခဲ့သနည်း။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အံ့ဖွယ်ကျေးဇူးတော်ကို ပိုမို ခံစားနိုင်ရန် ဆက်၍ အပြစ်ကျူးလွန်နေရမည်လော။
သို့ဖြစ်လျှင် မည်သို့ဆိုမည်နည်း။ ပညတ်တရားသည် အပြစ်လော။ အပြစ်မဟုတ်။ အမှန်တွင်မူ ပညတ်တရားမရှိလျှင် အပြစ်ကို ကျွန်ုပ်သိမည်မဟုတ်။ ပညတ်တရားက “မတပ်မက်နှင့်” ဟု မဆိုထားလျှင် တပ်မက်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို ကျွန်ုပ်သိမည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့… ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်များ၏ စံနမူနာကို ယူကြလော့။ သူတို့သည် ဆင်းရဲဒုက္ခရောက်စဉ် စိတ်ရှည်သည်းခံခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။
သန့်ရှင်းသောပရောဖက်များ ယခင်က ဟောပြောခဲ့သောစကားများနှင့် သင်တို့၏ တမန်တော်များအားဖြင့် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသောအရှင်၏ ပညတ်တော်တို့ကို သင်တို့အား သတိရစေလို၏။