အစ္စရေးလူမျိုးများနှင့် ပတ်သက်၍ ပရောဖက်ဟေရှာယက “အစ္စရေးလူမျိုးတို့သည် ပင်လယ်ကမ်းခြေရှိ သဲပွင့်နှင့်အမျှ များပြားသော်လည်း လူနည်းစုသာ ကယ်တင်ခြင်းခံရလိမ့်မည်။
ဟေဗြဲ 11:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် မြောက်မြားစွာသောကောင်းကင်ကြယ်များနှင့် မရေမတွက်နိုင်သော ပင်လယ်ကမ်းခြေရှိ သဲပွင့်များသဖွယ် မြောက်မြားစွာသောသူတို့သည် သေလူကဲ့သို့ ဖြစ်နေသော လူတစ်ဦးထံမှ ဆင်းသက်လာကြ၏။ Common Language Bible အာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။ Garrad Bible သေ သော ကိုယ် ရှိ သူ မှ ကောင်း ကင် ကြယ် လုံး ရေ ကဲ့ သို့လည်း ကောင်း၊ မ ရေ မ တွက် နိုင် သော သ မု ဒ္ဒ ရာ ကမ်း ခြေ ရှိ သဲ လုံး ကဲ့ သို့လည်း ကောင်း၊ အ များ အ ပြား ပေါက် ပွား ကြ ၏။ Judson Bible သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့လည်းကောင်း၊ များစွာသောသူတို့၏အဘ ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ကောင်းကင်ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေမှ မရေတွက်နိုင်သောသဲပွင့်များကဲ့သို့လည်းကောင်း များစွာသောသူတို့သည် သေသူကဲ့သို့ဖြစ်နေသောလူတစ်ဦးထံမှ ပေါက်ဖွားလာကြ၏။ |
အစ္စရေးလူမျိုးများနှင့် ပတ်သက်၍ ပရောဖက်ဟေရှာယက “အစ္စရေးလူမျိုးတို့သည် ပင်လယ်ကမ်းခြေရှိ သဲပွင့်နှင့်အမျှ များပြားသော်လည်း လူနည်းစုသာ ကယ်တင်ခြင်းခံရလိမ့်မည်။
သူသည် ကမ္ဘာ့အရပ်လေးမျက်နှာ၌ ရှိသော လူမျိုးများဖြစ်ကြသည့် ဂေါဂနှင့် မာဂေါဂတို့ကို လှည့်ဖြားရန်နှင့် စစ်ပွဲအတွက် စုဝေးရန် ထွက်သွားလိမ့်မည်။ သူတို့၏ အရေအတွက်သည် ပင်လယ်ကမ်းခြေရှိ သဲပွင့်နှင့်အမျှ များပြား၏။