ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ဟေဗြဲ 10:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို နှစ်သက်တော်မမူ။ Common Language Bible မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာပူဇော်သကာ တို့ကို ကိုယ်တော်နှစ်သက်တော်မမူပါ။ Garrad Bible ကောင် လုံး မီး ရှို့ ရာ သ က္ကာ နှင့် အ ပြစ် ဖြေ ရာ သ က္ကာ များ ကို လည်း နှစ် သက် တော် မ မူ ပါ။ Judson Bible မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်တို့ကို နှစ်သက်တော်မမူ။ |
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် နွားထီးနှင့် ဆိတ်တို့၏ သွေးသည် အပြစ်ကို မဖယ်ရှားနိုင်သောကြောင့်ဖြစ်၏။