“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ဟေဗြဲ 10:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ၏ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော် ငါသည် နောက်ပြန်လှည့်တတ်သူများကို နှစ်သက်မည်မဟုတ်” ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။ Common Language Bible ဖြောင့်မတ်သူများဖြစ်ကြသောငါ၏လူစု တော်သည် ယုံကြည်၍အသက်ရှင်လိမ့်မည်။ သို့ရာတွင်တွန့်ဆုတ်သွားသူကိုမူကား ငါသည်နှစ်သက်လိမ့်မည်မဟုတ်'' ဟုကျမ်းစာတော်တွင်ဖော်ပြပါရှိ၏။- Garrad Bible ငါ၏ ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း တွန့် ဆုတ် က ငါ သည် သူ၌ နှစ် သက် သော စိတ် ရှိ မည် မ ဟုတ် ဟု ဗျာ ဒိတ် တော် ရှိ ရာ၊ Judson Bible ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်”ဟူ၍ ဖော်ပြထား၏။ |
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေတော်မူကြောင်း ထိုသတင်းကောင်းက ဖော်ပြ၏။ ထိုသို့ဖြောင့်မတ်ရန် ယုံကြည်ခြင်းနှင့် စတင်၍ ယုံကြည်ခြင်းနှင့် အဆုံးသတ်၏။ ဤအရာသည် ကျမ်းစာ၌ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
တစ်ဖန် ကျမ်းစာတွင် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟူ၍ ဖော်ပြထား၏။ ထို့ကြောင့် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
ဂျူးလူမျိုးတို့သည် သခင်ယေရှုနှင့် ပရောဖက်များကို သတ်၍ ကျွန်ုပ်တို့ကိုလည်း နှင်ထုတ်ကြ၏။ သူတို့သည် ဘုရားသခင်ကို မနှစ်မသက် ဖြစ်စေလျက် လူအပေါင်းကို ဆန့်ကျင်ကြ၏။
သို့ရာတွင် ကျွန်ုပ်တို့သည် နောက်ပြန်လှည့်၍ ပျက်စီးနေသူများမဟုတ်ဘဲ ယုံကြည်၍ ကယ်တင်ခံရသောသူများဖြစ်ကြ၏။
သင်တို့ကို မဆန့်ကျင်သည့်ဖြောင့်မတ်သောသူတို့ကို သင်တို့သည် အပြစ်စီရင်၍ သတ်ကြပြီ။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။