အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 10:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် “ကြွလာတော်မူမည့် အရှင်​သည် မနှောင့်နှေးဘဲ အချိန်​အနည်းငယ်​အတွင်း ကြွလာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

``ကြွ​လာ​တော်​မူ​မည့်​အ​ရှင်​သည်​အ​ချိန် အ​နည်း​ငယ်​အ​တွင်း​၌​ကြွ​လာ​တော်​မူ​လိမ့် မည်။ နှောင့်​နှေး​လျက်​နေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။

Garrad Bible

တ ခ ဏ ကြာ သော် ကြွ လာ မည့် အ ရှင် သည် မ ဖင့် မ နွှဲ့ ပေါ် ထွန်း တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ကြွ​လာ​လ​တ္တံ့​သော​သူ​သည် မ​ဆိုင်း​မ​လင့်​ဘဲ၊ မ​ကြာ​မ​မြင့်​မီ ရောက်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား “ကြွလာ​တော်မူ​မည့်​အရှင်​သည် ကြန့်ကြာ​ခြင်း​မ​ရှိ​ဘဲ မကြာမီ​ကြွလာ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 10:37
11 ပူးပေါင်းရင်းမြစ်များ  

“အရှင်​သည် အကျွန်ုပ်တို့​စောင့်မျှော်နေသော ခရစ်တော်​မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့​သည် အခြားသူ​ကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​သည် သူတို့​အတွက် လျင်မြန်​စွာ တရားမျှတ​စွာ စီရင်ပေး​လိမ့်မည်။ သို့ရာတွင် လူသား​ပြန်လည်​ကြွလာ​သောအခါ သူ​သည် ကမ္ဘာ​မြေကြီး​ပေါ်​၌ ယုံကြည်ခြင်း​ရှိသူ​ကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။


သင်တို့​၏ ထောက်ထား​ညှာတာသော သဘောထား​ကို လူ​အပေါင်းတို့​အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်​အချိန် နီးပြီ။


စည်းဝေးခြင်း​ကို လူတချို့​လွှဲရှောင်​သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်း​အားပေး​တိုက်တွန်းကြလော့။ ကိုယ်တော်​ပြန်လည်ကြွလာမည့်​နေ့ရက်​သည် နီးကပ်လာသည်​ကို ထောက်​လျက် ပို​၍ တိုက်တွန်းကြလော့။


ချစ်ရသော​သူတို့… ဤ​အချက်​ကို မမေ့နှင့်။ ထာဝရဘုရား​အတွက် တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​ဖြစ်၏။ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။


လူတချို့ ထင်မှတ်​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​ကတိတော်​အတိုင်း​ပြု​ရန် နှောင့်နှေးတော်မူသည်​မဟုတ်။ ကိုယ်တော်​သည် မည်သူ​မျှ မပျက်စီးဘဲ လူတိုင်း နောင်တရ​စေရန် အလိုတော်​ရှိ​၍ သင်တို့​အပေါ် စိတ်ရှည်တော်မူခြင်း​သာ​ဖြစ်၏။


ဤ​အကြောင်းအရာများ​ကို သက်သေခံတော်မူသော​အရှင်​က “ဧကန်​အမှန်​ပင် ငါ​သည် မကြာမီ​လာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်​ယေရှု… ကြွလာတော်မူပါ။