ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
ဟေဗြဲ 10:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ Common Language Bible အသက်ရှင်တော်မူသောဘုရားသခင်၏ လက်တော်သို့ကျရောက်ရခြင်းသည် ကြောက် မက်ဖွယ်ကောင်းလှပါသည်တကား။ Garrad Bible အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် လက် တော် သို့ ကျ ရောက် ရ ခြင်း သည် အ လွန် ကြောက် မက် ဖွယ် ကောင်း စွ တ ကား။ Judson Bible အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှု ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။ |
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
သို့သော်လည်း သင်တို့ကြောက်ရမည့်သူကို ငါပြောမည်။ ကိုယ်ခန္ဓာကို သတ်၍ ငရဲသို့ပစ်ချနိုင်သော ဘုရားသခင်ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့ကြောက်ရွံ့ရမည်သူမှာ ထိုအရှင်ဖြစ်၏။
ပြင်းထန်သောငလျင်လှုပ်ခြင်း၊ နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပေါ်လိမ့်မည်။ ကောင်းကင်တွင်လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောနိမိတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။
ယခု နားထောင်လော့။ ထာဝရဘုရား၏လက်တော်သည် သင့်ကို ဒဏ်ခတ်၍ သင်သည် အချိန်တစ်ခုကြာသည်အထိ မျက်စိကွယ်လျက် နေကိုမမြင်ရဘဲနေလိမ့်မည်” ဟု ဆို၏။ ချက်ချင်းပင် သူသည် အမြင်မှုန်ဝါးလာ၍ မှောင်မိုက်သွားသဖြင့် လက်တွဲခေါ်မည့်သူကို ရှာလျက်နေ၏။
ကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်ဘုရားကို ကြောက်ရွံ့ရကြောင်းကို သိသဖြင့် အခြားသူများအား ဘုရားသခင်ထံတော်သို့ လှည့်ပြန်ရန် တိုက်တွန်းစည်းရုံးကြ၏။ ကျွန်ုပ်တို့အကြောင်းကိုမူ ဘုရားသခင်အကြွင်းမဲ့သိတော်မူ၍ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သင်တို့၏ စိတ်ထဲက အကြွင်းမဲ့သိကြမည်ဟု မျှော်လင့်၏။
ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်းကောင်း၊ ရန်သူများကို လောင်စေမည့်ပြင်းထန်သောမီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေရုံမျှသာ ရှိတော့မည်။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။