ယေရှုနှင့် တပည့်တော်တို့သည် လူထုပရိသတ်ရှိရာသို့ရောက်ကြသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ချဉ်းကပ်၍ ဒူးထောက်လျက်
လုကာ 9:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုထံမှ မောရှေနှင့် ဧလိယတို့ထွက်ခွာချိန်တွင် ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ အကျွန်ုပ်တို့သည် သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင် ဆောက်ပါရစေ” ဟု မိမိအဘယ်အရာပြောဆိုသည်ကို မသိဘဲ လျှောက်ဆိုလေ၏။ Common Language Bible ထိုသူနှစ်ဦးတို့ကိုယ်တော်၏ထံမှထွက်ခွာသွား နေကြစဉ်ပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲ တစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ် တို့ဆောက်ပါရစေ'' ဟုပြောမိပြောရာပြောဆို လျှောက်ထား၏။ Garrad Bible မည် သို့ လျှောက် မှန်း ကို မ သိ ဘဲ ပေ တ ရု က သ ခင်၊ ဤ တွင် နေ ထိုင် ရန် ကောင်း ပါ သည်။ ကိုယ် တော် ဖို့ တစ် ဆောင်၊ မော ရှေ ဖို့ တစ် ဆောင်၊ ဧ လိ ယ ဖို့ တစ် ဆောင် တဲ သုံး ဆောင် ထိုး ပါ ရ စေ ဟု ယေ ရှု အား လျှောက် ထား စဉ်၊ Judson Bible ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူနှစ်ဦးတို့သည် ကိုယ်တော်ထံမှ ထွက်ခွာသွားကြစဉ် ပေတရုက “သခင်၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်တို့ဆောက်ပါရစေ”ဟု မိမိမည်သည့်အရာပြောဆိုနေသည်ကိုမသိဘဲ ယေရှုအား လျှောက်ထားလေ၏။ မြန်မာ ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။- |
ယေရှုနှင့် တပည့်တော်တို့သည် လူထုပရိသတ်ရှိရာသို့ရောက်ကြသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ချဉ်းကပ်၍ ဒူးထောက်လျက်
ထိုအခါ ပေတရုက “သခင်… ဤနေရာတွင် အကျွန်ုပ်တို့ရှိနေသည်မှာ ကောင်းပေ၏။ သခင် အလိုရှိပါက သခင့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက် တစ်ဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်ဆောက်ပါမည်” ဟု လျှောက်လေ၏။
သို့သော် ယေရှုက “သင်တို့သည် မည်သည့်အရာတောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့် ဒုက္ခဝေဒနာခွက်ကို သောက်ရန်နှင့် ငါခံယူရမည့် နှစ်ခြင်းမင်္ဂလာကို ခံယူရန် သင်တို့ တတ်နိုင်ကြသလော” ဟု မေးတော်မူလျှင်
ရှိမုန်ကလည်း “ဆရာ… ကျွန်ုပ်တို့သည် တစ်ညတာလုံး ကြိုးစားဖမ်းကြသော်လည်း ငါးတစ်ကောင်ကိုမျှ မမိပါ။ သို့သော်လည်း ဆရာခိုင်းသောကြောင့် ကျွန်ုပ် ပိုက်ကွန်များကို ချပါမည်” ဟု လျှောက်လေ၏။
ထိုသို့ လျှောက်ဆိုနေစဉ် မိုးတိမ်သည် သူတို့အပေါ်တွင် လွှမ်းခြုံလေ၏။ မိုးတိမ်ထဲသို့ ဝင်သည်နှင့် တပည့်တော်တို့သည် အလွန်ကြောက်လန့်တုန်လှုပ်ကြ၏။
ယောဟန်ကလည်း “သခင်… လူတစ်ဦးသည် သခင်၏အမည်နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်ကို အကျွန်ုပ်တို့မြင်တွေ့ခဲ့ပါ၏။ သူသည် အကျွန်ုပ်တို့၏အဖွဲ့ဝင် မဟုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုတားမြစ်ကြပါသည်” ဟု လျှောက်လေ၏။
ဖိလိပ္ပုက “သခင်… ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ပြတော်မူလျှင် အကျွန်ုပ်တို့ စိတ်ကျေနပ်မှုရပါလိမ့်မည်” ဟု လျှောက်၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။