ကိုယ်တော်သည် လူထုတို့ကို ပြန်လွှတ်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်ရောက်သော် ထိုနေရာ၌ မိမိတစ်ကိုယ်တည်းရှိတော်မူ၏။
လုကာ 9:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် တစ်ကိုယ်တည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သာလျှင် အနီးတွင် ရှိကြ၏။ ထိုအခါ ကိုယ်တော်က သူတို့အား “လူတို့သည် ငါ့ကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူလျှင် Common Language Bible အခါတစ်ပါး၌ကိုယ်တော်သည်တစ်ကိုယ်တည်း ဆုတောင်းပတ္ထနာပြုလျက်နေတော်မူသောအခါ တပည့်တော်တို့သည်ကိုယ်တော်၏ထံတော်သို့လာ ကြ၏။ ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ် သူဟုဆိုကြသနည်း'' ဟုမေးတော်မူ၏။ Garrad Bible တစ် နေ့ သ ၌ ကိုယ် တော် သည် တစ် ပါး တည်း ပ ဌ နာ ပြု တော် မူ စဉ် တ ပည့် တော် တို့ ပါ ရှိ ကြ သ ဖြင့် ကိုယ် တော် က ငါ သည် မည် သူ ဖြစ် သည် ဟု လူ ပ ရိ သတ် တို့ ဆို ကြ သ နည်း ဟူ၍ မေး မြန်း တော် မူ သည့် ကာ လ၊ Judson Bible တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သ၌ ကိုယ်တော်သည် တစ်ပါးတည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူရှိကြ၏။ ထိုအခါ ကိုယ်တော်က“လူထုပရိသတ်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း”ဟူ၍ သူတို့အား မေးတော်မူ၏။ မြန်မာ တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- |
ကိုယ်တော်သည် လူထုတို့ကို ပြန်လွှတ်တော်မူပြီးနောက် ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ညအချိန်ရောက်သော် ထိုနေရာ၌ မိမိတစ်ကိုယ်တည်းရှိတော်မူ၏။
ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဂေသရှေမန်အမည်ရှိသော အရပ်သို့ ရောက်တော်မူ၏။ ယေရှုက “ငါဆုတောင်းနေစဉ် သင်တို့ဤနေရာတွင် ထိုင်စောင့်နေကြလော့” ဟု တပည့်တော်တို့အား မိန့်တော်မူပြီးလျှင်
တစ်ခါက ယေရှုသည် တစ်နေရာတွင် ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းတော်မူပြီးနောက် တပည့်တော်များထဲမှ တစ်ဦးက “သခင်… ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။
တစ်နေ့၌ လူအပေါင်းတို့သည် နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ယေရှုသည်လည်း နှစ်ခြင်းမင်္ဂလာကိုခံယူတော်မူ၏။ ထို့နောက် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်၍
ထိုနေ့ရက်များ၌ ကိုယ်တော်သည်ဆုတောင်းရန် တောင်ပေါ်သို့တက်ကြွတော်မူ၍ တစ်ညလုံးဘုရားသခင်ထံ ဆုတောင်းတော်မူ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဟု ဆိုကြ၏။ သို့သော် တချို့က ဧလိယဖြစ်သည်ဟု ဆိုကြ၍ တချို့က သေရာမှ ပြန်ရှင်လာသော ရှေးပရောဖက်တစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။
ဤသို့ မိန့်တော်မူပြီးမှ ရှစ်ရက်ကြာသောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်လျက် ဆုတောင်းရန် တောင်ပေါ်သို့ ကြွတော်မူ၏။
ထိုသို့ ယေရှုသည် ဆုတောင်းတော်မူစဉ် မျက်နှာတော်၏အသွင်အပြင်သည် ပြောင်းလဲ၍ အဝတ်တော်သည်လည်း ဖြူဖွေးတောက်ပလာ၏။