Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 9:18 - Common Language Bible

18 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ကိုယ်​တည်း ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​ထံ​တော်​သို့​လာ ကြ​၏။ ကိုယ်​တော်​က ``လူ​တို့​သည်​ငါ့​ကို​အ​ဘယ် သူ​ဟု​ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 တစ် နေ့ သ ၌ ကိုယ် တော် သည် တစ် ပါး တည်း ပ ဌ နာ ပြု တော် မူ စဉ် တ ပည့် တော် တို့ ပါ ရှိ ကြ သ ဖြင့် ကိုယ် တော် က ငါ သည် မည် သူ ဖြစ် သည် ဟု လူ ပ ရိ သတ် တို့ ဆို ကြ သ နည်း ဟူ၍ မေး မြန်း တော် မူ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 တစ်နေ့သ၌ ကိုယ်တော်​သည် တစ်ပါးတည်း​ဆုတောင်း​လျက်​နေ​တော်မူ​စဉ် တပည့်​တော်​တို့​သည် ကိုယ်တော်​နှင့်အတူ​ရှိ​ကြ​၏။ ထိုအခါ ကိုယ်တော်​က“လူထု​ပရိသတ်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ သူ​တို့​အား မေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 တစ်နေ့​၌ ယေရှု​သည် တစ်ကိုယ်တည်း​ဆုတောင်း​လျက်​နေတော်မူ​စဉ် တပည့်တော်တို့​သာလျှင် အနီး​တွင် ရှိကြ၏။ ထိုအခါ ကိုယ်တော်​က သူတို့​အား “လူတို့​သည် ငါ့​ကို မည်သူ​ဖြစ်သည်​ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူ​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 တ​ရံ​ရော​အ​ခါ၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ဆု​တောင်း​တော်​မူ​စဉ်၊ လူ​များ​တို့​သည် ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ကို ဆို​ကြ​သ​နည်း​ဟု မေး​မြန်း​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:18
11 ပူးပေါင်းရင်းမြစ်များ  

အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။


ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊-


လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။-


လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊-


ထို​နောက်​ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တစ်​ည​လုံး​ဘု​ရား သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။-


တ​ပည့်​တော်​တို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဟု အ​ချို့​ဆို​ကြ​ပါ​သည်။ အ​ချို့​က​ဧ​လိ​ယ​ဟူ​၍ လည်း​ကောင်း၊ အ​ချို့​က​မူ​ပြန်​လည်​အ​သက်​ရှင်​လာ သော​ရှေး​ပ​ရော​ဖက်​တစ်​ပါး​ဟူ​၍​လည်း​ကောင်း ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။


ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ရှစ်​ရက်​ခန့်​ကြာ​သော အ​ခါ​ကိုယ်​တော်​သည်​ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ် တို့​ကို​ခေါ်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် သို့​ကြွ​တော်​မူ​၏။-


ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​မျက်​နှာ တော်​၏​အ​ဆင်း​အ​ရောင်​သည်​ထူး​ခြား​လာ​လျက်၊ အ​ဝတ်​တော်​သည်​ဖြူ​ဖွေး​တောက်​ပ​လာ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ