သို့သော် လေပြင်းသည်ကို မြင်သောအခါ ကြောက်လန့်၍ ရေနစ်စပြုသဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။
လုကာ 8:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ နှိုးပြီးလျှင် “သခင်… သခင်… အကျွန်ုပ်တို့ရေနစ်သေရပါတော့မည်” ဟု အော်ဟစ်၍လျှောက်ကြ၏။ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးတို့အား ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။ Common Language Bible သူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။- Garrad Bible တ ပည့် တော် တို့ ချဉ်း ကပ် ပြီး လျှင် သ ခင်၊ သ ခင်၊ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော် ကိုယ် တော် သည် ထ၍ လေ နှင့် လှိုင်း တံ ပိုး ကို ဆုံး မ တော် မူ သ ဖြင့် ရပ် စဲ ငြိမ် ဝပ် ရ လေ ၏။ Judson Bible တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟု လျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။ မြန်မာ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟု လျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။- |
သို့သော် လေပြင်းသည်ကို မြင်သောအခါ ကြောက်လန့်၍ ရေနစ်စပြုသဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။
တပည့်တော်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ နှိုးပြီးလျှင် “သခင်… ကယ်တော်မူပါ။ အကျွန်ုပ်တို့ရေနစ်သေရပါတော့မည်” ဟု အော်ဟစ်လျက် လျှောက်ကြ၏။
ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။
ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူအများရှေ့တွင် လှဲချပြီးလျှင် ထိခိုက်ဒဏ်ရာမဖြစ်စေဘဲ ထိုသူအထဲမှ ထွက်သွား၏။
ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အိပ်ရာဘေး၌ ရပ်၍ “အဖျားပျောက်စေ” ဟု အမိန့်ပေးတော်မူ၏။ အမျိုးသမီးသည် အဖျားပျောက်သဖြင့် အိပ်ရာမှချက်ချင်းထ၍ သူတို့အား ဧည့်ခံလေ၏။
ရှိမုန်ကလည်း “ဆရာ… ကျွန်ုပ်တို့သည် တစ်ညတာလုံး ကြိုးစားဖမ်းကြသော်လည်း ငါးတစ်ကောင်ကိုမျှ မမိပါ။ သို့သော်လည်း ဆရာခိုင်းသောကြောင့် ကျွန်ုပ် ပိုက်ကွန်များကို ချပါမည်” ဟု လျှောက်လေ၏။
ကိုယ်တော်က သူတို့အား “သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့၍ အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ သူအမိန့်ပေးသောအခါ လေနှင့်လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။