Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:24 - မြန်မာ

24 တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 တ ပည့် တော် တို့ ချဉ်း ကပ် ပြီး လျှင် သ ခင်၊ သ ခင်၊ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော် ကိုယ် တော် သည် ထ၍ လေ နှင့် လှိုင်း တံ ပိုး ကို ဆုံး မ တော် မူ သ ဖြင့် ရပ် စဲ ငြိမ် ဝပ် ရ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ကိုယ်​တော်​သည် ထ၍ လေ​နှင့် လှိုင်း​တံ​ပိုး​ကို ဆုံး​မ​တော်​မူ​သ​ဖြင့်၊ လေ​နှင့် လှိုင်း​တံ​ပိုး​သည် ငြိမ်း၍​သာ​ယာ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 တပည့်​တော်​တို့​သည်​ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်၊ သခင်၊ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ ကိုယ်တော်​သည်​ထ​၍ လေ​နှင့်​လှိုင်းတံပိုး​တို့​ကို​ဆုံးမ​တော်မူ​ရာ ၎င်း​တို့​သည်​ရပ်တန့်​ကြ​ပြီး ငြိမ်သက်​သာယာ​သွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 တပည့်တော်တို့​သည် ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ နှိုးပြီး​လျှင် “သခင်… သခင်… အကျွန်ုပ်တို့​ရေနစ်​သေရပါတော့မည်” ဟု အော်ဟစ်​၍​လျှောက်ကြ၏။ ကိုယ်တော်​သည် ထ​၍ လေ​နှင့် လှိုင်းတံပိုး​တို့​အား ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:24
19 ပူးပေါင်းရင်းမြစ်များ  

လေ​ပြင်း​သည်​ကို​မြင်​လျှင် ကြောက်​လန့်၍ နစ်​မွန်း​လု​သည်​ရှိ​သော်၊ ကယ်​မ​တော်​မူ​ပါ​သ​ခင်​ဟု ဟစ်​ကြော်​လေ၏။-


တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကိုယ်​တော်​ကို နှိုး​ပြီး​လျှင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ၏။ ကယ်​မ​တော်​မူ​ပါ​ဟု လျှောက်​ကြ​သော်၊-


ကိုယ်​တော်​သည် ထ၍ တိတ်​ဆိတ်​ငြိမ်​ဝပ်​စွာ​နေ​ဟု လေ​နှင့် ပင်​လယ်​ကို ဆုံး​မ​တော်​မူ​သ​ဖြင့် လေ​သည်​ငြိမ်၍ အ​လွန်​သာ​ယာ​လေ၏။-


ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။-


ကိုယ်​တော်​သည် ထို​မိန်း​မ၏ အ​နား​မှာ​ရပ်၍ ဖျား​နာ​ကို ဆုံး​မ​တော်​မူ​လျှင်၊ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ချက်​ချင်း​ထ၍ ဧည့်​သည်​ဝတ်​ကို​ပြု​လေ၏။


ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။


ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ