ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။
လုကာ 8:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လှေပေါ်သို့ တက်၍ ရွက်လွှင့်ကြ၏။ Common Language Bible တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။- Garrad Bible တစ် နေ့ သ၌ ကိုယ် တော် သည် တ ပည့် တော် တို့ နှင့် တ ကွ လှေ ပေါ် သို့ တက် ပြီး လျှင် အိုင် တစ် ဘက် ကမ်း သို့ ကူး သွား ကြ ကုန် အံ့ ဟု မိန့် တော် မူ သည့် အ တိုင်း ထွက် ခွာ စီး သွား ကြ စဉ်၊ Judson Bible တစ်နေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သ၌ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့တက်ပြီးလျှင်“အိုင်တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု မိန့်တော်မူသဖြင့် သူတို့သည် ရွက်လွှင့်သွားကြ၏။ မြန်မာ တစ်နေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တစ်ဖက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။- |
ထို့နောက် ယေရှုသည် တပည့်တော်တို့ကို လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်သို့ သွားနှင့်စေတော်မူ၏။ တစ်ချိန်တည်းတွင် လူထုပရိသတ်တို့ကိုလည်း ပြန်လွှတ်တော်မူ၏။
ယေရှုသည် မိမိပတ်လည်၌ရှိသော လူထုကို မြင်တော်မူလျှင် တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးရန် ညွှန်ကြားတော်မူ၏။
ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။
ထို့နောက် ယေရှုသည် လူထုပရိသတ်တို့ကို ပြန်လွှတ်တော်မူစဉ် တပည့်တော်တို့ကိုလည်း လှေပေါ်သို့ ချက်ချင်းတက်စေ၍ ကမ်းတစ်ဖက်၌ ရှိသော ဗက်ဇဲဒမြို့သို့ သွားနှင့်စေတော်မူ၏။
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ လှေပေါ်သို့ တစ်ဖန် တက်ပြီးလျှင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။
ထိုသို့ ရွက်လွှင့်ကြစဉ် ယေရှုသည် အိပ်စက်တော်မူ၏။ ထိုစဉ် အိုင်ထဲတွင် လေပြင်းမုန်တိုင်းတိုက်၍ လှေသည် ရေနှင့် ပြည့်သဖြင့် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။
ထိုအခါ နတ်ဆိုးတို့သည် ထိုသူအထဲမှ ထွက်၍ ဝက်အုပ်ထဲသို့ ဝင်ကြ၏။ ထိုဝက်တစ်အုပ်လုံးသည် မတ်စောက်သောတောင်စောင်းအတိုင်း အိုင်ကမ်းပါးသို့ တစ်ဟုန်ထိုးပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
ကျွန်ုပ်တို့သည် အာရှပြည်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဆိပ်ကမ်းမြို့များသို့ရွက်လွှင့်တော့မည့် အဒြာမုတ္တိသင်္ဘောပေါ်သို့တက်၍ ရွက်လွှင့်ကြ၏။ သက်သာလောနိတ်မြို့မှ မာကေဒေါနိပြည်သား၊ အာရိတ္တာခုသည်လည်း ကျွန်ုပ်တို့နှင့်အတူလိုက်ပါလာ၏။