ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
လုကာ 8:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသော်လည်း သူတို့၏စိုးရိမ်ပူပန်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် ကြီးထွားခြင်းကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူတို့ကို ဆိုလို၏။ Common Language Bible ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။- Garrad Bible ဆူး ကြား တွင် ကျ သည့် အ စေ့ မှာ ကြား နာ ပြီး နောက် သွား လာ ရာ တွင် ဤ ဘ ဝ သော က ရှိ ခြင်း၊ စည်း စိမ် ကြီး ရှိ ခြင်း၊ ပျော် မွေ့ ခြင်း များ ဖိ စီး သ ဖြင့် အောင် မာ စွာ အ သီး မ သီး သော သူ များ ဖြစ် ၏။ Judson Bible ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကို ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဆူးပင်တို့တွင်ကျသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း သွားလာနေထိုင်စဉ် ဘဝအသက်တာနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးမအောင်သောသူတို့ကိုဆိုလို၏။ မြန်မာ ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကို ဆိုလိုသတည်း။- |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
လောကီရေးရာကိုစိုးရိမ်ခြင်း၊ စည်းစိမ်၏ဖြားယောင်းခြင်းနှင့် အခြားတပ်မက်ခြင်းတို့က ထိုတရားစကားကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်ကြ။
မည်သည့်ကျွန်မျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေကို တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ” ဟု မိန့်တော်မူ၏။
အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။
ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
တချို့မှာ ဆူးပင်ကြားတွင် ကျသဖြင့် ဆူးပင်တို့သည် အတူကြီးထွား၍ ထိုအပင်ငယ်တို့ကို ပိတ်ဆို့ထားကြ၏။
ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။
ဤလောက၌ ချမ်းသာကြွယ်ဝသူတို့ကို ဘဝင်မမြင့်ရန်နှင့် မမြဲသည့်စည်းစိမ်ချမ်းသာတို့အပေါ် ကိုးစားမျှော်လင့်ခြင်းမရှိရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့ကို ဝမ်းမြောက်စေလိုသည့်အတွက် အရာအားလုံးကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုရားသခင်ကိုသာ ကိုးစားမျှော်လင့်ရန် ညွှန်ကြားလော့။
ဒေမသည် ဤလောကကို ချစ်၍ ကျွန်ုပ်ကို စွန့်ခွာပြီး သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့ သွားပြီ။ တိတုသည် ဒါလမာတိပြည်သို့ သွားပြီ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်သော အခြေခံသွန်သင်ချက်များကို ထားရစ်ကာ ရင့်ကျက်ခြင်းသို့ တက်လှမ်းကြစို့။ သေခြင်းသို့ ပို့ဆောင်ပေးသောအကျင့်အတွက် နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊