ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
လုကာ 7:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ကိုယ်တော်၏နောက်ဘက်ခြေတော်ရင်း၌ ရပ်၍ ငိုကြွေးလျက် ခြေတော်ကို မျက်ရည်ဖြင့် ဆေးကာ သူ၏ဆံပင်ဖြင့် သုတ်၏။ ထို့နောက် ကိုယ်တော်၏ခြေတော်ကို အဆက်မပြတ်နမ်းရှုပ်လျက် ဆီမွှေးဖြင့် သုတ်လိမ်းပေးလေ၏။ Common Language Bible သူ၏မျက်ရည်သည်ကိုယ်တော်၏ခြေများ အပေါ်သို့ကျသည်ရှိသော်မိမိ၏ဆံပင် ဖြင့်သုတ်၏။ ထိုနောက်ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေများကိုနမ်းရှုပ်ပြီးလျှင် ဆီမွှေးဖြင့်သုတ်လိမ်းလျက်နေ၏။- Garrad Bible နံ့ သာ ဆီ ကို ကျောက် ဖြူ ဘူး နှင့် ယူ ဆောင်၍ ကိုယ် တော့် နောက် ခြေ တော် ရင်း တွင် ရပ် ငို ရာ ခြေ တော် ကို မျက် ရည် စွတ်၍ ဦး ဆံ နှင့် သုတ် လျက် နမ်း ရှုတ် ပြီး လျှင် နံ့ သာ ဆီ လိမ်း ကျံ လေ၏။ Judson Bible နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းလေ၏။ မြန်မာ နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။- |
ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
ယခု ဆာလောင်မွတ်သိပ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝလင်စွာ စားရသောအခွင့်ကို ရကြမည်ဖြစ်သောကြောင့်ပင်။ ယခုငိုကြွေးဝမ်းနည်းသောသင်တို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ရယ်မောရသောအချိန်သည် ရောက်လာမည်ဖြစ်သောကြောင့်ပင်။
ယေရှုသည် ဖာရိရှဲအိမ်၌ စားသောက်နေကြောင်းကို ထိုမြို့ရှိ အပြစ်များသော အမျိုးသမီးတစ်ဦးသည် သိရှိလျှင် ဆီမွှေးထည့်ထားသောကျောက်ဖြူဘူးတစ်လုံးကို ယူခဲ့လေ၏။
ထိုသို့ပြုသည်ကို ယေရှုအား ဖိတ်ခေါ်သူ ဖာရိရှဲသည် မြင်လေသော် “ဤသူသည် ပရောဖက်တစ်ပါးဖြစ်လျှင် သူ့အားထိနေသော ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောသူ ဖြစ်ကြောင်းကို သိရမည်။ ဤအမျိုးသမီးသည် အပြစ်များသော အမျိုးသမီးဖြစ်သည်” ဟု မိမိစိတ်ထဲ၌ တွေးတောလေ၏။
ထိုမာရိသည် ယေရှု၏ ခြေကို ဆီမွှေးလိမ်း၍ မိမိဆံပင်ဖြင့် သုတ်ပေးသောသူဖြစ်၏။ သူ၏ မောင် လာဇရုသည် ဖျားနာလျက်ရှိသောကြောင့်
ဝမ်းနည်း၍ ညည်းတွားမြည်တမ်းလျက် ငိုကြွေးကြလော့။ ရယ်မောနေမည့်အစား ညည်းတွားမြည်တမ်းကြလော့။ ဝမ်းမြောက်နေမည့်အစား ဝမ်းနည်းပူဆွေးကြလော့။