ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
လုကာ 6:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။ Common Language Bible ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။- Garrad Bible ထို သို့ ဆင် ခြင် ကြ သည် ကို သိ တော် မူ လျက် ကိုယ် တော် က ထ၍ အ လယ် တွင် ရပ် နေ လော့ ဟု လက် သေ ခြောက် သူ့ အား မိန့် တော် မူ သည့် အ တိုင်း ထ၍ ရပ် နေ စဉ်၊ Judson Bible ကိုယ်တော်သည် သူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူသဖြင့် လက်သေသောသူအား“ထ၍ အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူရာ သူသည်ထ၍ မတ်တတ်ရပ်လေ၏။ မြန်မာ ကိုယ်တော်သည် သူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။- |
ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
ယေရှုသည် သူ့ကို မြင်တော်မူလျှင် မိမိထံသို့ ခေါ်၍ “အို အမျိုးသမီး… သင့်ရောဂါ ပျောက်ပြီ” ဟု မိန့်လျက်
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ထို့နောက် ယေရှုက ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့အား “သင်တို့အား ငါမေးမည်။ ဥပုသ်နေ့တွင် ကောင်းမှုကို ပြုသင့်သလော။ သို့မဟုတ် မကောင်းမှုကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော သို့မဟုတ် သတ်သင့်သလော” ဟု မိန့်တော်မူ၏။
ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အမှုကိစ္စတို့ကို နေ့အချိန်၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်နိုင်သောညအချိန် ရောက်လာလိမ့်မည်။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ဤအကြောင်းအရာများကို အဂြိပ္ပမင်းကြီးသိရှိသောကြောင့် ထိုမင်းရှေ့၌ အကျွန်ုပ်သည်လည်း ရဲဝံ့စွာလျှောက်ထားခြင်းဖြစ်ပါ၏။ ထိုအကြောင်းအရာတို့သည် ဆိတ်ကွယ်ရာတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများမဟုတ်သောကြောင့် အရှင်မင်းကြီးမသိဘဲမနေပါဟု အကျွန်ုပ်ယုံကြည်ပါ၏။
သင်တို့ကို ဆန့်ကျင်သောသူများကြောင့် မကြောက်ရွံ့ကြနှင့်။ ဤသို့မကြောက်ရွံခြင်းသည် သူတို့အတွက် ပျက်စီးမည့်လက္ခဏာဖြစ်ပြီး သင်တို့အတွက်မူ ဘုရားသခင်ကိုယ်တိုင် ကယ်တင်မည့်လက္ခဏာဖြစ်၏။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။