လုကာ 6:8 - မြန်မာ့စံမီသမ္မာကျမ်း8 ကိုယ်တော်သည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူသဖြင့် လက်သေသောသူအား“ထ၍ အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူရာ သူသည်ထ၍ မတ်တတ်ရပ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို သို့ ဆင် ခြင် ကြ သည် ကို သိ တော် မူ လျက် ကိုယ် တော် က ထ၍ အ လယ် တွင် ရပ် နေ လော့ ဟု လက် သေ ခြောက် သူ့ အား မိန့် တော် မူ သည့် အ တိုင်း ထ၍ ရပ် နေ စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible8 ကိုယ်တော်သည် သူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ8 ကိုယ်တော်သည် သူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။- အခန်းကိုကြည့်ပါ။ |
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။