ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
လုကာ 6:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ယေရှု၏ဟောပြောသွန်သင်မှုကို ကြားနာရန်နှင့် မိမိတို့၏အနာရောဂါများကို ကုသခံရန် ရောက်လာကြခြင်း ဖြစ်၏။ နတ်ဆိုးတို့၏ညှဉ်းဆဲခြင်းခံရသောသူတို့သည်လည်း လာ၍ အကောင်းပကတိအတိုင်း ဖြစ်သွားကြ၏။ Common Language Bible ထိုသူတို့သည်ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့်မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန်လာရောက်ကြခြင်းဖြစ်၏။ ညစ်ညမ်းသောနတ်ညှဉ်းဆဲခြင်းခံရသူများ လည်းလာ၍အနာရောဂါပျောက်ကင်းသွား၏။- Garrad Bible နတ် ဆိုး နှောင့် ရှက် ခံ ရ သူ တို့ ကို ကျန်း မာ စေ တော် မူ သည့် အ တိုင်း၊ Judson Bible ညစ်ညူးသောနတ် ညှဉ်းဆဲသောသူတို့သည်လည်း လာ၍ ချမ်းသာရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တရားတော်ကိုကြားနာရန်နှင့် မိမိတို့ရောဂါများငြိမ်းစေခြင်းကိုခံယူရန် ရောက်လာသူများဖြစ်ကြ၏။ ညစ်ညူးသောနတ်တို့၏ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း အကောင်းပကတိဖြစ်လာကြ၏။ မြန်မာ ညစ်ညူးသောနတ် ညှဉ်းဆဲသောသူတို့သည်လည်း လာ၍ ချမ်းသာရကြ၏။- |
ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
“သခင်… အကျွန်ုပ်၏သားကို သနားတော်မူပါ။ သူသည် ဝက်ရူးပြန်ရောဂါစွဲကပ်၍ ဝေဒနာပြင်းထန်စွာ ခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏကျတတ်ပါ၏။
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ တောင်ပေါ်မှဆင်း၍ မြေပြန့်နေရာသို့ ရောက်သောအခါ ရပ်တော်မူ၏။ ထိုနေရာတွင် တပည့်တော်စုကြီးအပါအဝင် ယုဒပြည်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့မှလည်းကောင်း ရောက်လာကြသော လူအမြောက်အမြားရှိ၏။
ယေရှုထံမှ တန်ခိုးထွက်၍ လူတို့ကို အနာရောဂါများမှ ကျန်းမာစေသောကြောင့် လူထုအပေါင်းတို့သည် ယေရှုကို တို့ထိရန် ကြိုးစားကြ၏။
ဂျေရုဆလင်မြို့ပတ်ဝန်းကျင်ရှိ မြို့ရွာများမှ လူများသည်လည်း စုဝေးကြ၏။ လူနာများနှင့် နတ်ဆိုး၏ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့်သူများကိုလည်း သယ်ဆောင်လာကြသဖြင့် ထိုလူနာရှိသမျှတို့သည် ကျန်းမာသွားကြ၏။