သူတို့က “ငါတို့၌ စားစရာမပါသောကြောင့် ဤသို့မိန့်တော်မူခြင်းဖြစ်သည်” ဟု အချင်းချင်းပြောဆိုကြ၏။
လုကာ 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် လွန်စွာအမျက်ဒေါသထွက်ကာ ယေရှုနှင့်ပတ်သက်၍ မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။ Common Language Bible ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။ Garrad Bible ထို သူ တို့ လည်း ဒေါ သ စိတ် နှင့် ပြည့်၍ ယေ ရှု အား မည် သို့ ပြု နိုင် ကြောင်း ကို အ ချင်း ချင်း တိုင် ပင် ကြ၏။ Judson Bible ထိုသူများတို့သည် ဒေါသစိတ်နှင့်ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် ဒေါသစိတ်မွှန်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်းတိုင်ပင်ကြ၏။ မြန်မာ ထိုသူများတို့သည် ဒေါသစိတ်နှင့်ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေးကြ၏။ |
သူတို့က “ငါတို့၌ စားစရာမပါသောကြောင့် ဤသို့မိန့်တော်မူခြင်းဖြစ်သည်” ဟု အချင်းချင်းပြောဆိုကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့က ထိုပုံဥပမာကို ကြားသောအခါ ယေရှုသည် မိမိတို့အား ဆိုးသွမ်းသောစပျစ်ခြံလုပ်သားများအဖြစ် ရည်ညွှန်းပြောဆိုကြောင်း သဘောပေါက်ကြ၏။
ဝတ်ပြုဆောင်၌ရှိသော တရားနာပရိသတ်အားလုံးသည် ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်ကြ၏။
ယေရှုသည် ထိုသူအားလုံးကို လှည့်ကြည့်ပြီးမှ လက်သေသောသူအား “သင်၏လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည် လက်ကိုဆန့်သောအခါ သူ၏လက်သည် အကောင်းပကတိအတိုင်း ဖြစ်လေ၏။
ထိုနေ့ရက်များ၌ ကိုယ်တော်သည်ဆုတောင်းရန် တောင်ပေါ်သို့တက်ကြွတော်မူ၍ တစ်ညလုံးဘုရားသခင်ထံ ဆုတောင်းတော်မူ၏။
ထို့ကြောင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် တရားလွှတ်တော်အစည်းအဝေးခေါ်၍ “ငါတို့မည်သို့ပြုကြမည်နည်း။ ဤသူသည် နိမိတ်လက္ခဏာများစွာကို ပြလျက်နေ၏။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ဂျူးခေါင်းဆောင်တို့သည် ကိုယ်တော်ကို သတ်ရန် ရှာကြံလျက်ရှိသောကြောင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ရန် အလိုရှိတော်မမူပေ။
ဂျူးဝတ်ပြုဆောင်အားလုံးတွင်လည်း သူတို့ကိုမကြာခဏအပြစ်ပေး၍ အယူဝါဒကိုစွန့်လွှတ်ရန် အတင်းအကျပ်စေခိုင်းခဲ့ပါ၏။ ထို့ပြင် သူတို့အပေါ် အလွန်စိတ်ဆိုးမုန်းတီးကာ နိုင်ငံရပ်ခြားမြို့များသို့ပင်လျှင်သွား၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါ၏။
ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်အစည်းအဝေးမှ ထွက်သွားရန် အမိန့်ပေး၍ ထိုအမှုကို အချင်းချင်း ဆွေးနွေးတိုင်ပင်ကြ၏။
သို့ရာတွင် ပေတရုနှင့် ယောဟန်တို့က “ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏ရှေ့တော်၌ မှန်သည်မမှန်သည်ကို သင်တို့ဆုံးဖြတ်ကြလော့။
သူတို့သည် ဤစကားကို ကြားသောအခါ ဒေါသထွက်၍ တမန်တော်များကို သတ်ရန်ဆုံးဖြတ်ကြ၏။
ထိုသို့ ပြောဆိုသည်ကို ဂျူးခေါင်းဆောင်များ ကြားလျှင် သတေဖန်အား ဒေါသထွက်၍ အံကြိတ်ကြလေ၏။
သို့သော် သူတို့သည် များစွာ ရှေ့ဆက်တိုးနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိုက်မဲမှုသည် ယန္နေနှင့် ယံဗြေတို့၏ မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့တွင် ထင်ရှားမည် ဖြစ်သောကြောင့်ပင်။