ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
လုကာ 4:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည်ကျမ်းစာလိပ်ကို ပြန်လိပ်ပြီးမှ အစောင့်တာဝန်ခံအား ပြန်ပေးပြီးလျှင် ထိုင်တော်မူ၏။ ဝတ်ပြုဆောင်၌ရှိသော လူအပေါင်းတို့သည် ယေရှုကိုစိုက်ကြည့်နေကြ၏။ Common Language Bible ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။- Garrad Bible ကျမ်း စာ ကို ပိတ်၍ အ မှု ဆောင် အား ပေး လိုက် ပြီး နောက် ထိုင် တော် မူ ရာ ဓ မ္မာ ရုံ တွင် ရှိ သ မျှ သော သူ တို့ စိုက် ကြည့် ကြ စဉ်၊ Judson Bible ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။ မြန်မာ ကျမ်းစာကိုလိပ်၍ ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်လျက်နေကြ၏။ |
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
အလောင်းတော်အား မိမိကိုယ်ပိုင်ဖြစ်သော ကျောက်ဆောင်ကို ထွင်းထားသည့် သင်္ချိုင်းဂူသစ်တွင် သင်္ဂြိုဟ်လေ၏။ ထို့နောက် သူသည် ကျောက်တုံးကြီးကို ဂူဝသို့ လှိမ့်၍ ပိတ်ထားပြီးမှ ပြန်လေ၏။
သို့ရာတွင် လူထုတစ်ရပ်လုံးက ယေရှုမိန့်တော်မူသည့် စကားတော်တိုင်းကို တစိုက်မတ်မတ်နားထောင်လျက်ရှိသောကြောင့် လုပ်ဆောင်ခွင့်ကို မတွေ့နိုင်ကြပေ။
ပရောဖက်ဟေရှာယ၏ကျမ်းစာလိပ်ကို ယေရှုအားပေးသဖြင့် ဖွင့်ရာတွင် ကျမ်းစာ၌ရေးထားသည်မှာ
ထိုအခါ ယေရှုက “ဤကျမ်းစာ၌ ပါသောအချက်များသည် သင်တို့ကြားရသည့်အတိုင်း ယနေ့ပြည့်စုံပြီ” ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ထိုလှေနှစ်စင်းထဲမှ ရှိမုန်၏လှေပေါ်သို့ တက်၍ ရှိမုန်အား လှေကို ကမ်းနှင့် အနည်းငယ်ခွာပေးရန် မိန့်တော်မူ၏။ ထို့နောက် လှေထဲတွင် ထိုင်လျက် လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။
နောက်တစ်နေ့ နံနက်စောစောတွင် ယေရှုသည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ထံသို့ စုဝေးလာကြသဖြင့် ကိုယ်တော်သည် ထိုင်တော်မူပြီးလျှင် သူတို့ကို သွန်သင်တော်မူ၏။
ဥပုသ်နေ့တွင် ကျွန်ုပ်တို့သည် မြို့တံခါးအပြင်သို့ ထွက်၍ ဆုတောင်းရန် နေရာရှိနိုင်မည့် မြစ်ကမ်းနားသို့ သွားကြ၏။ ထို့နောက် ကျွန်ုပ်တို့သည် ထိုင်၍ ထိုနေရာတွင် စုဝေးနေကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
ပေတရုသည် ထိုအရာကို မြင်သောအခါ သူတို့အား “အို အစ္စရေးလူမျိုးတို့… သင်တို့သည် အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့သြကြသနည်း။ ငါတို့သည် ကိုယ့်တန်ခိုး၊ ကိုယ့်အကျင့်သီလဖြင့် ဤသူအားလမ်းလျှောက်စေနိုင်သည့်အလား အဘယ်ကြောင့် ငါတို့အား ငေးမောကြည့်ကြသနည်း။