ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
လုကာ 4:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဂျော်ဒန်မြစ်မှ ပြန်လာသောအခါ ဝိညာဉ်တော်ဦးဆောင်သည့်အတိုင်း တောကန္တာရသို့ ကြွတော်မူ၏။ Common Language Bible သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ယော်ဒန်မြစ်မှပြန်လာတော်မူစဉ် ဝိညာဉ်တော်သည်ကိုယ်တော်ကိုတောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ ထိုအရပ်တွင်အရက် လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင် ခြင်းကိုခံတော်မူ၏။- Garrad Bible ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ယော် ဒန် မြစ် မှ ပြန် ကြွ ပြီး လျှင် တော ၌ ရက် ပေါင်း လေး ဆယ် တိုင် တိုင် ဝိညာဉ် တော် ပို့ ဆောင် ရာ လိုက် လျက် မာရ် နတ် စုံ စမ်း ခြင်း ကို ခံ တော် မူ၏။ Judson Bible ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍ မြန်မာ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ ပို့ဆောင်တော်မူ၏။- |
ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
သူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်မှုအတိုင်း ဗိမာန်တော်ထဲသို့ သွားလေ၏။ မာရိနှင့်ယောသပ်တို့သည် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်း သူငယ်ယေရှုကို ဗိမာန်တော်၌ ဆက်ကပ်ရန် ရောက်လာကြ၏။
ယောဟန်သည်လည်း ဂျော်ဒန်မြစ်ပတ်ဝန်းကျင် တစ်လျှောက်လုံးသို့သွားပြီးလျှင် အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ခြင်းခံရရန် နောင်တရရမည့်အကြောင်းနှင့် ထိုသို့နောင်တရကြောင်းကို ဖော်ပြရန် နှစ်ခြင်းမင်္ဂလာခံယူရမည့်အကြောင်း လူတို့အား ဟောပြော၏။
ကာဣနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် ရှေသ၏သား၊ ရှေသသည် အာဒံ၏သား၊ အာဒံသည် ဘုရားသခင်၏သားဖြစ်၏။
ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
ထို့နောက် ယောဟန်က “သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ကောင်းကင်မှ ဆင်းသက်၍ ထိုအရှင်အပေါ်၌ နားတော်မူသည်ကို ငါမြင်ရ၏။
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ရေမှ တက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ခေါ်ယူသွားသဖြင့် အမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့မြင်ရတော့ပေ။ သို့သော်လည်း သူသည် ဝမ်းသာရွှင်လန်းစွာ ခရီးဆက်လေ၏။