သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
လုကာ 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခွန်ကောက်သူတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာ၍ “ဆရာ… ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်ရမည်နည်း” ဟု မေးကြ၏။ Common Language Bible အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ Garrad Bible အ ခွန် ကောက် တို့ လည်း ဗိ တ္တိ ဇံ မင်္ဂ လာ ခံ ရန် လာ၍ ဆ ရာ၊ ကျွန် တော် တို့ မည် သို့ ပြု လုပ် ရ ပါ မည် နည်း ဟု မေး ကြ လျှင်၊ Judson Bible အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှာလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း အခွန်ကောက်ခံသူတို့သည်လည်း ဗတ္တိဇံခံရန်လာ၍ “ဆရာ၊ အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် မြန်မာ အခွန်ခံသူတို့သည် ဗတ္တိဇံကို ခံခြင်းငှာလာ၍၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊- |
သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
ယောဟန်က “သင်တို့သည် ရောမအစိုးရမင်း သတ်မှတ်ပေးသောနှုန်းထက် ပို၍ မကောက်ခံကြနှင့်” ဟု ဖြေဆို၏။
အခွန်ကောက်သူများမှစ၍ လူအပေါင်းတို့သည် ဤတရားစကားကို ကြားသောအခါ ဘုရားသခင်၏ တရားတော်သည် မှန်ကန်ကြောင်း ဝန်ခံကြ၏။ ထိုသူတို့သည် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သူများဖြစ်ကြ၏။
သူတို့သည် ထိုဟောပြောချက်ကို ကြားသောအခါ စိတ်နှလုံးကြေကွဲ၍ ပေတရုနှင့် အခြားတမန်တော်များအား “ညီအစ်ကိုတို့… ကျွန်ုပ်တို့မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။