ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။
လုကာ 24:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။ Common Language Bible ဤအခြင်းအရာနှင့်ပတ်သက်၍စိတ်ဇဝေဇဝါ ဖြစ်လျက်နေကြစဉ် ပြောင်လက်သည့်အဝတ်ကို ဝတ်ဆင်ထားသူလူနှစ်ယောက်သည်သူတို့၏ အရှေ့တွင်ရုတ်တရက်ပေါ်လာ၏။- Garrad Bible ထို အ ခြင်း အ ရာ ကြောင့် စိတ် ရှုပ် ထွေး လျက် ရှိ နေ ကြ စဉ် တောက် ပ သော ဖွဲ့ ဖြူ ဆင် ယင် သူ နှစ် ပါး တို့ သည် ထင် ရှား ပြီး လျှင်၊ Judson Bible ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။ မြန်မာ ထိုအကြောင်းကြောင့် သူတို့သည် တွေးတောသောစိတ်ရှိစဉ်တွင်၊ လူနှစ်ယောက်တို့သည် ပြိုးပြိုးပြက်ပြက်သော အဝတ်ကို ဝတ်ဆင်လျက် ပေါ်လာ၏။- |
ထို့နောက် သူတို့သည် သင်္ချိုင်းဂူထဲသို့ ဝင်ကြရာ ဝတ်ရုံဖြူကို ဝတ်ထားသောလူငယ်တစ်ဦးသည် လက်ယာဘက်၌ ထိုင်နေသည်ကို တွေ့မြင်သဖြင့် ထိတ်လန့်ကြ၏။
ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် သူတို့ရှေ့၌ ပေါ်လာ၍ ထာဝရဘုရား၏ဘုန်းရောင်ခြည်သည် သူတို့၏ပတ်လည်တွင် ထွန်းလင်းသဖြင့် သူတို့သည် အလွန် ကြောက်ရွံ့တုန်လှုပ်ကြ၏။
ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့၍ မိမိတို့၏မျက်နှာများကို မြေပြင်သို့ ငုံ့ထားကြ၏။ ထိုလူနှစ်ဦးက “အသက်ရှင်သောသူကို လူသေများရှိသည့်နေရာတွင် အဘယ်ကြောင့် ရှာဖွေကြသနည်း။
ထိုသို့ ကောင်းကင်သို့ ကိုယ်တော်ကြွမြန်းတော်မူသည်ကို တမန်တော်တို့သည် မျှော်ကြည့်နေစဉ် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနီးတွင် ရပ်လေ၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် အချုပ်ခန်းထဲတွင် အလင်းရောင်ထွန်းလင်းလေ၏။ ထို့နောက် ပေတရုနံဘေးကို ပုတ်နှိုး၍ “အလျင်အမြန်ထလော့” ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် ပေတရု၏လက်မှ ကျွတ်ကျလေ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။