ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 22:61 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟူသော သခင်ဘုရား၏စကားတော်ကို သတိရ၏။ Common Language Bible အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။- Garrad Bible အ ရှင် ဘု ရား သည် လှည့် လျက် ပေ တ ရု ကို ရှု ကြည့် တော် မူ ရာ ယ နေ့ ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် သင် ငြင်း ဆို လိမ့် မည် ဟူ သော အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ပေ တ ရု သ တိ ရ၍ ပြင် သို့ ထွက် သွား ပြီး လျှင်၊ Judson Bible ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကိုစူးစိုက်ကြည့်တော်မူ၏။ ပေတရုသည်လည်း“ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သော သခင်ဘုရား၏စကားတော်ကို ပြန်လည်သတိရသဖြင့် မြန်မာ ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့်၊- |
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။
ယေရှုသည်လည်း မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင် လူအုပ်ဘက်သို့ လှည့်၍ “ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း” ဟု မေးတော်မူ၏။
ယေရှုကလည်း “အို မာသ… မာသ… သင်သည် အလုပ်များကြောင့် စိုးရိမ်ပူပန်လျက် နှောင့်ယှက်ခြင်းကို ခံရလေပြီ။
ယေရှုက “ပေတရု၊ သင့်အားငါပြောဆိုသည်မှာ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ပေတရုက “မိတ်ဆွေ… သင်ပြောဆိုနေသည့်အရာကို ကျွန်ုပ်မသိပါ” ဟု ဆို၏။ ထိုစကားကို ပြောနေစဉ်အတွင်း၌ပင် ကြက်တွန်လေ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ယေရှုက “ငါ့အတွက် အသက်စွန့်မည်လော။ သင့်အား ငါအမှန်ဆို၏။ ကြက်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
သင်တို့သည် လူမျိုးခြားများအဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများက သင်တို့ကို အရေပြားမလှီးသောသူများဟု ခေါ်ကြ၏။ ထိုသူတို့သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသူများဟု ခေါ်ကြ၏။ ထိုသူတို့၏ အရေပြားလှီးခြင်းသည် ကိုယ်ခန္ဓာပေါ်တွင် လူ့လက်ဖြင့် ပြုလုပ်သော အရာသာ ဖြစ်၏။
ထို့ကြောင့် သင်ကျဆင်းသွားသည့်အပိုင်းကို ဆင်ခြင်လော့။ နောင်တရလျက် အစဦး၌ ပြုသကဲ့သို့ ပြုလော့။ ထိုသို့နောင်တမရပါက ငါသည် သင့်ထံသို့လာ၍ သင့်ဆီမီးတိုင်ကို နေရာမှ ဖယ်ရှားမည်။