ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
လုကာ 22:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို သတ်ရန် လျှို့ဝှက်စွာ ရှာကြံလျက်ရှိ၏။ သို့သော်လည်း သူတို့သည် လူများကို ကြောက်ရွံ့ကြ၏။ Common Language Bible ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။ Garrad Bible ကိုယ် တော် ကို မည် သို့ ကွပ် မျက် ရ မည့် အ ကြောင်း ရှာ ကြံ ကြ စဉ်၊ Judson Bible ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံကြ၏။ အဘယ်ကြောင့်ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကိုသတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကိုကြောက်ရွံ့ကြ၏။ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော်ကို အဘယ်သို့သတ်ရအံ့နည်းဟု ရှာကြံကြ၏။ အဘယ်ကြောင့်ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။ |
ထိုအခါ ဖာရိရှဲတို့သည် ဝတ်ပြုဆောင်မှ ထွက်သွား၍ ကိုယ်တော်ကို သတ်ရန် မည်သို့လုပ်ကြံရမည်ကို တိုင်ပင်ကြ၏။
သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
“သင်တို့ သိနှင့်ပြီးဖြစ်သည့်အတိုင်း နှစ်ရက်ကြာလျှင် ပသခါပွဲတော်ကျရောက်မည်။ ထိုအခါ လူသားကို လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရန်သူ့လက်သို့ အပ်နှံကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များ မကျင်းပမီ နှစ်ရက်အလိုတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို တိတ်တဆိတ် ဖမ်းဆီး၍ သတ်ရန် အခွင့်ကောင်းကို ရှာကြ၏။
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများက ယေရှုကို ဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုကို တွေ့လျှင် ချက်ချင်းလာရောက် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။