တစ်စုံတစ်ဦးက သင်တို့အား ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့ဖြေလျှင် သူသည် ချက်ချင်းယူခွင့်ပြုလိမ့်မည်” ဟု မိန့်မှာတော်မူ၏။
လုကာ 22:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ့တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ Common Language Bible အိမ်ရှင်အား `တပည့်များနှင့်အတူပသခါပွဲ ညစာကိုငါစားရန်အခန်းကားအဘယ်နည်း' ဟုဆရာတော်ကစုံစမ်းခိုင်းကြောင်းပြောကြား ကြလော့။- Garrad Bible ဆ ရာ က တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို ငါ သုံး ဆောင် ရ မည့် ဧည့် ခန်း အ ဘယ် မှာ နည်း ဟူ၍ မေး လိုက် ကြောင်း ကြား ပြော ကြ လော့။ Judson Bible ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- မြန်မာ့စံမီသမ္မာကျမ်း အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကို သုံးဆောင်ရမည့်အခန်းသည် အဘယ်မှာရှိသနည်းဟု သင့်အား မေးလိုက်ပါသည်’ဟူ၍ ပြောကြလော့။ မြန်မာ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- |
တစ်စုံတစ်ဦးက သင်တို့အား ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့ဖြေလျှင် သူသည် ချက်ချင်းယူခွင့်ပြုလိမ့်မည်” ဟု မိန့်မှာတော်မူ၏။
ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ၏ တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။
တစ်စုံတစ်ဦးက ‘အဘယ်ကြောင့် မြည်းကလေးကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်သည်’ ဟု ဖြေကြလော့” ဟု မိန့်မှာတော်မူ၏။
ထိုနေရာသို့ ယေရှုရောက်တော်မူသောအခါ အပေါ်သို့ မော့ကြည့်ပြီးလျှင် “ဇက္ခဲ… အမြန်ဆင်းခဲ့လော့။ ယနေ့ သင့်အိမ်တွင် ငါတည်းခိုမည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်က သူတို့အား “သင်တို့သည် ဂျေရုဆလင်မြို့သို့ ဝင်သောအခါ ရေအိုးထမ်းလာသောလူတစ်ဦးနှင့် ဆုံလိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သည့်အိမ်သို့ ဝင်ကြလော့။
ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ ငိုကြွေးနေကြသူများအထဲမှ မိမိညီမ မာရိကို ခေါ်လျက် “ဆရာတော် ကြွလာပြီ။ သင့်ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်ပြောလေ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။