အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 21:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူတို့​က ယေရှု​အား “ဆရာတော်… ဤ​အရာများ​သည် မည်သည့်​အချိန်​တွင် ဖြစ်ပျက်ပါမည်နည်း။ ဤ​အရာများ ဖြစ်ပျက်မည့်​အချိန်​တွင် မည်သည့်​နိမိတ်​လက္ခဏာများ ဖြစ်ပေါ်​လိမ့်မည်နည်း” ဟု မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဆ ရာ၊ မည် သည့် အ ခါ တွင် ထို သို့ ဖြစ် ပါ မည် နည်း။ ဖြစ် အံ့ သော နိ မိတ် လ က္ခ ဏာ မှာ မည် သို့ ပါ နည်း ဟု မေး မြန်း ကြ ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​က​လည်း “ဆရာ၊ သို့ဖြစ်လျှင် ထို​အခြင်းအရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​လာ​မည်နည်း။ ၎င်း​တို့​ဖြစ်ပျက်​လာ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ပေါ်ထွန်း​လာ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

သူ​တို့​က​လည်း၊ အ​ရှင်​ဘု​ရား၊ ထို​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​ပါ​မည်​နည်း။ ထို​အ​မှု​အ​ရာ​တို့​သည် ဖြစ်​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​ပါ​မည်​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။



လုကာ 21:7
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သော​အရာ​သည် မရှိအပ်သော​နေရာ​၌ ရှိနေသည်​ကို သင်တို့​တွေ့မြင်ရမည့်​နေ့ရက် ရောက်လာ​လိမ့်မည်။ (ဤ​အချက်​ကို စာဖတ်သူ သတိပြုမိပါစေ။) ထို့နောက် ယုဒပြည်​တွင် ရှိသော​သူတို့​သည် တောင်များ​ပေါ်သို့ ပြေးကြ​ရမည်။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​အရာများ​အားလုံး မဖြစ်ပျက်​မီ​အချိန်​ထိ ယခု​ရှိသော​မျိုးဆက် ကွယ်ပျောက်​လိမ့်မည်​မဟုတ်ပေ။


ထိုအခါ ယေရှု​က “သင်တို့​ကြည့်နေကြသော ဤ​အရာများ​သည် အကုန်အစင် ဖြိုဖျက်​ခံရ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်​တွင်​တစ်ချပ်​မျှ တင်ကျန်မည်​မဟုတ်သော​နေ့​သည် ရောက်လာ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်တို့​သည် လှည့်စား​မခံရ​စေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​သည် ငါ့​အယောင်​ကို​ဆောင်​၍ ‘ငါ​သည် ယေရှု​ဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်​နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြ​လိမ့်မည်။ သို့သော် ထို​သူတို့​နောက်သို့ မလိုက်ကြနှင့်။