သင်တို့အား ငါအမှန်ဆို၏။ သခင်သည် ထိုအစေခံအား စည်းစိမ်ဥစ္စာရှိသမျှကို စီမံကွပ်ကဲရန် ခန့်အပ်လိမ့်မည်။
လုကာ 21:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားသောသူတို့ထက် ပို၍ လှူဒါန်းပြီ။ Common Language Bible ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားဤဆင်းရဲသောမုဆိုးမ သည်ဤသူအပေါင်းတို့ထက်ပို၍ထည့်ဝင် လှူဒါန်းလေပြီ။- Garrad Bible ကိုယ် တော် က ဤ ဆင်း ရဲ သော မု ဆိုး မ သည် ထို သူ ရှိ သ မျှ ထက် ထည့် သွင်း လေ ပြီ ငါ အ မှန် ဆို ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးထက် ပို၍ထည့်လေပြီ။ မြန်မာ ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။- |
သင်တို့အား ငါအမှန်ဆို၏။ သခင်သည် ထိုအစေခံအား စည်းစိမ်ဥစ္စာရှိသမျှကို စီမံကွပ်ကဲရန် ခန့်အပ်လိမ့်မည်။
ထို့ပြင် ဆင်းရဲသောမုဆိုးမတစ်ဦးက ကြေးဒင်္ဂါးလေးနှစ်ပြား ထည့်သည်ကိုလည်း မြင်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြသော်လည်း ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးမရွာဘဲ တစ်ပြည်လုံးအစာခေါင်းပါးခြင်းဘေး ကျရောက်သောအချိန်တွင် အစ္စရေးနိုင်ငံ၌ မုဆိုးမများစွာရှိခဲ့ကြ၏။
ငါအမှန်ဆိုရလျှင် ဤနေရာ၌ ရပ်နေကြသောသူ တချို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုအခါ ပေတရုက “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ကျွန်ုပ်အခိုင်အမာ နားလည်၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။