ထိုနေရာ၌ ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးကြောင့် မသန်စွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦး ရှိလေ၏။ ထိုအမျိုးသမီးသည် ခါးကိုင်း၍ မိမိကိုယ်ခန္ဓာကို မတ်မတ်မဆန့်နိုင်ဘဲရှိ၏။
လုကာ 21:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများ စတင်ဖြစ်ပွားလာသောအခါ သင်တို့၏ဦးခေါင်းကို မော့လျက် မျှော်ကြည့်၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ရွေးနုတ်ခေါ်ဆောင်ချိန် နီးကပ်လာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible သင် တို့ မူ ကား ထို အ ဖြစ် အ ပျက် အ စ၌ ကိုယ့် ရွေး နုတ် ခြင်း ရောက် လု ပြီ ဖြစ် သော ကြောင့် ဦး ခေါင်း ကြွ၍ မြော် ကြည့် ကြ လော့ ဟု မိန့် တော် မူ ၏။ Judson Bible ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။ မြန်မာ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ |
ထိုနေရာ၌ ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးကြောင့် မသန်စွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦး ရှိလေ၏။ ထိုအမျိုးသမီးသည် ခါးကိုင်း၍ မိမိကိုယ်ခန္ဓာကို မတ်မတ်မဆန့်နိုင်ဘဲရှိ၏။
မိမိရွေးချယ်တော်မူသောသူတို့က နေ့ညမပြတ် တောင်းလျှောက်လျှင် ဘုရားသခင်သည် တရားမျှတစွာ မစီရင်ဘဲ နှောင့်နှေးစေတော်မူမည်လော။
ထို့နောက် ကိုယ်တော်သည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “သဖန်းပင်နှင့် အခြားသစ်ပင်အားလုံးကို ကြည့်လော့။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ဖန်ဆင်းခံလောကသာ ညည်းတွားနေသည်မဟုတ်။ ဘုရားသခင်၏ အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကို ရရှိသော ကျွန်ုပ်တို့သည်လည်း ခန္ဓာရွေးနုတ်ခြင်းဟူသော သားသမီးဖြစ်ခွင့်ကို စောင့်မျှော်၍ ညည်းတွားနေကြ၏။
ထိုဝိညာဉ်တော်သည် ဘုရားသခင်၏လူများ ရွေးနုတ်တော်မူခြင်းခံရမည့်ကာလ မရောက်မချင်း ကျွန်ုပ်တို့၏ အမွေအတွက် အာမခံချက်ပေးလျက် စရန်အဖြစ် ရှိတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။