ထို့နောက် မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ရောက်သော် ဂျူးဝတ်ပြုဆောင်တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့က အံ့အားသင့်လျက် “သူသည် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို အဘယ်ကရသနည်း။
လုကာ 2:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှု၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့သြကြ၏။ Common Language Bible သူငယ်တော်၏စကားကိုကြားကြသောသူ အပေါင်းတို့သည်သူ၏အသိပညာနှင့်ဖြေ ကြားချက်များကိုအံ့သြကြ၏။- Garrad Bible ကြား ရ သူ ရှိ သ မျှ တို့ သည် ဖြေ ဆို ရာ၌ ထိုး ထွင်း ခြင်း ဉာဏ် တော် ကို အံ့ သြ ကြ ၏။ Judson Bible သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့ဩကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှု၏စကားကိုကြားရသောသူအပေါင်းတို့သည် သူ၏ဉာဏ်စွမ်းနှင့် ဖြေကြားချက်များကို အံ့ဩငေးမောနေကြ၏။ မြန်မာ သူ၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့ဩကြ၏။- |
ထို့နောက် မိမိနေရပ်မြို့ဖြစ်သည့် နာဇရက်မြို့သို့ရောက်သော် ဂျူးဝတ်ပြုဆောင်တွင် ဟောပြောတော်မူ၏။ ထို့ကြောင့် မြို့သူမြို့သားတို့က အံ့အားသင့်လျက် “သူသည် ဤပညာနှင့် အံ့ဖွယ်တန်ခိုးတို့ကို အဘယ်ကရသနည်း။
ထိုတရားစကားများကို ဟောပြောသွန်သင်တော်မူပြီးသောအခါ ပရိသတ်တို့သည် ယေရှု၏သွန်သင်ချက်များအပေါ် အံ့သြကြ၏။
ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြ၏။ သို့သော် လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏ သွန်သင်ချက်ကို အလွန်အံဩကြသောကြောင့် သူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
ဥပုသ်နေ့ရောက်သော် ကိုယ်တော်သည် ဂျူးဝတ်ပြုဆောင်၌ သွန်သင်တော်မူ၏။ ကြားနာသောသူများစွာတို့သည် အံ့အားသင့်ကြ၏။ ထိုသူတို့က “သူသည် ဤအရာများကို အဘယ်ကရသနည်း။ သူရရှိသောပညာသည် မည်သည့်ပညာဖြစ်သနည်း။ သူပြသသောအံ့ဖွယ်အမှုများကို မည်သည့်တန်ခိုးဖြင့် ပြုသနည်း။
သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်အတွင်း ဆရာများအလယ်၌ထိုင်၍ သူတို့၏စကားကို နားထောင်ကာ ဆွေးနွေးမေးမြန်းလျက်နေသည်ကို တွေ့ရှိကြလေ၏။
လူအပေါင်းတို့သည် ယေရှုကို ချီးကျူး၍ ချိုသာသောစကားတော်တို့ကို အံ့ဩလျက် “ဤသူသည် ယောသပ်၏သား မဟုတ်လော” ဟူ၍ မေးကြ၏။
ကိုယ်တော်သည် အခွင့်အာဏာဖြင့် ဟောပြောသောကြောင့် ထိုသူတို့က သူ၏သွန်သင်ချက်ကို အံ့သြကြ၏။
ထိုအခါ ဂျူးခေါင်းဆောင်များက အံ့အားသင့်လျက် “ဤသူသည် ကျမ်းများကို မသင်ယူဘဲ မည်သို့တတ်မြောက်နေပါသနည်း” ဟု ပြောဆိုကြ၏။
ဗိမာန်တော်အစောင့်များက “ထိုသူ ဟောပြောသကဲ့သို့ မည်သူမျှ မဟောပြောဖူးပါ” ဟု ဖြေကြ၏။