ယေရှုက “လူတစ်ယောက်သည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ ခရီးသွားစဉ် ဓားပြတို့၏တိုက်ခိုက်ခြင်းကို ခံရလေ၏။ ဓားပြတို့သည် သူ၏အဝတ်ကို ချွတ်၍ ရိုက်နှက်ပြီးသေလုမြောပါးဖြစ်သောအခါ လမ်းဘေးတွင် ပစ်ထားကြ၏။
လုကာ 19:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ တပည့်တော်တို့ ရှေ့မှကြွနှင့်တော်မူ၏။ Common Language Bible ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ယေရုရှလင်မြို့သို့တပည့်တော်တို့၏ရှေ့ ကကြွတော်မူ၏။- Garrad Bible ထို သို့ မိန့် တော် မူ ပြီး နောက် ယေ ရု ရှ လင် မြို့ သို့ ဦး တည်၍ ကြွ သွား စဉ်၊ Judson Bible ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် ရှေ့သို့ခရီးသွားလျက် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။ မြန်မာ ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။- |
ယေရှုက “လူတစ်ယောက်သည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ ခရီးသွားစဉ် ဓားပြတို့၏တိုက်ခိုက်ခြင်းကို ခံရလေ၏။ ဓားပြတို့သည် သူ၏အဝတ်ကို ချွတ်၍ ရိုက်နှက်ပြီးသေလုမြောပါးဖြစ်သောအခါ လမ်းဘေးတွင် ပစ်ထားကြ၏။
ငါခံရမည့် နှစ်ခြင်းမင်္ဂလာတစ်ပါးရှိ၏။ ထိုနှစ်ခြင်းမင်္ဂလာကို မခံမီအထိ ငါသည် အလွန်စိတ်ဖိစီးလှ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသား၏အကြောင်းနှင့်ပတ်သက်၍ ပရောဖက်တို့၏ကြိုတင်ဟောပြောချက်ရှိသမျှတို့သည် ဖြစ်ပျက်လိမ့်မည်။
ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူသောနေ့ရက် နီးတော်မူသောအခါ ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်လျက်
ယေရှုက ပေတရုအား “ဓားကို ဓားအိမ်၌ ပြန်ထည့်လော့။ ခမည်းတော်ပေးတော်မူသောဒုက္ခဝေဒနာခွက်ကို ငါမသောက်ဘဲ နေရမည်လော” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။