ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
လုကာ 18:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``မျက်စိမြင်စေ။ သင်၏ ယုံကြည်ခြင်းသည်သင့်မျက်စိကိုမြင်စေပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible သင် ၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍၊ Judson Bible ယေရှုက၊ မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုက၊ မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။- |
ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ယေရှုသည်လည်း လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
ထိုသူအား “ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။
ယေရှုက “သင့်အတွက် မည်သို့ပြုစေလိုသနည်း” ဟု မေးတော်မူသော် ထိုသူက “သခင်… အကျွန်ုပ်မျက်စိကို မြင်စေတော်မူပါ” ဟု လျှောက်လေ၏။
သို့ရာတွင် ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်အားကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “သမီး… သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟု မိန့်တော်မူ၏။