သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။
လုကာ 18:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုသည် ကလေးငယ်များကို ခေါ်၍ တပည့်တော်တို့အား “ကလေးငယ်များ ငါ့ထံ လာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံတော်ဖြစ်၏။ Common Language Bible သို့ရာတွင်သခင်ယေရှုသည်ကလေးတို့ကို ခေါ်လျက် ``ကလေးသူငယ်တို့ငါ့ထံသို့လာ ကြပါစေ။ မဆီးတားကြနှင့်၊ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏နိုင်ငံတော်သည် ထို သို့သောသူတို့၏နိုင်ငံဖြစ်သောကြောင့်တည်း။- Garrad Bible ယေ ရှု သည် သူ ငယ် တို့ ကို ခေါ်၍ သူ ငယ် တို့ ကို ငါ့ ထံ လာ စေ ကြ လော့။ မ ဆီး တား ကြ နှင့်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် ထို သို့ သော သူ တို့၏ နိုင် ငံ ဖြစ်၏။ Judson Bible ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ မြန်မာ ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- |
သို့သော် ယေရှုက “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်” ဟု မိန့်တော်မူ၏။
တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏ကလေးငယ်များကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် မြင်လျှင် ထိုသူတို့ကို ဟန့်တားကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်ကို ကလေးငယ်ကဲ့သို့ မခံယူသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုကတိတော်သည် သင်တို့မှစ၍ သင်တို့၏သားသမီးများနှင့် ကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားခေါ်တော်မူသည့် အဝေး၌ ရှိသောသူအပေါင်းတို့အတွက် ဖြစ်သည်” ဟု ဟောပြောလေ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကလေးဆန်စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်လျှင် ကလေးငယ်ကဲ့သို့ ဖြစ်၍ စဉ်းစားတွေးခေါ်မှုနှင့်ပတ်သက်လျှင် ရင့်ကျက်သောသူများကဲ့သို့ ဖြစ်ကြလော့။
အဘယ်ကြောင့်ဆိုသော် မယုံကြည်သောခင်ပွန်းသည် မိမိဇနီးအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး မယုံကြည်သောဇနီးသည်လည်း မိမိခင်ပွန်းအားဖြင့် သန့်ရှင်းစင်ကြယ်သောကြောင့်ဖြစ်၏။ သို့မဟုတ်ပါက သင်တို့၏ သားသမီးများသည် သန့်ရှင်းစင်ကြယ်မည်မဟုတ်။ ယခုတွင်မူ သန့်ရှင်းစင်ကြယ်ပြီဖြစ်၏။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။