ထို့နောက် တပည့်တော်တို့အား “သင်တို့မြင်တွေ့လိုသည့် လူသား၏နေ့ရက်များထဲမှ တစ်ရက်သည် ရောက်လာလိမ့်မည်။ သို့ရာတွင် ထိုနေ့ရက်ကို သင်တို့ မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။
လုကာ 17:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားသည် ပြန်ကြွလာသောအခါ နောဧ လက်ထက်၌ ဖြစ်ပျက်သကဲ့သို့ ဖြစ်ပျက်လိမ့်မည်။ Common Language Bible နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။- Garrad Bible နော ဧ သည် သင်္ဘော ထဲ သို့ ဝင် လျှင် ရေ ဘေး သင့်၍ ရှိ သ မျှ ကို ဖျက် ဆီး သည့် နေ့ မ တိုင် မ ချင်း စား သောက် လျက်၊ အိမ် ထောင် လျက်၊ ပေး စား လျက် ရှိ နေ ကြ ရာ နော ဧ လက် ထက် တွင် ဖြစ် သ ကဲ့ သို့ လူ့ သား၏ နေ့ ရက် ကာ လ တွင် ဖြစ် လိမ့် မည်။ Judson Bible နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။ မြန်မာ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- |
ထို့နောက် တပည့်တော်တို့အား “သင်တို့မြင်တွေ့လိုသည့် လူသား၏နေ့ရက်များထဲမှ တစ်ရက်သည် ရောက်လာလိမ့်မည်။ သို့ရာတွင် ထိုနေ့ရက်ကို သင်တို့ မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။
လျှပ်စီးလက်သောအခါ မိုးကောင်းကင်တစ်ဖက်မှ အခြားတစ်ဖက်သို့ ထွန်းလင်းသကဲ့သို့ လူသားကြွလာသောနေ့ရက်၌လည်း ထိုသို့ဖြစ်လိမ့်မည်။
ရေလွှမ်းမိုးခြင်းမတိုင်မီ ကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့အထိ လူတို့သည် စားသောက်လျက်၊ လက်ထပ်ယူလျက်၊ လက်ထပ်ပေးစားလျက် နေ၍ ပျော်ပါးနေကြ၏။ ထို့နောက် ရေလွှမ်းမိုး၍ ထိုသူတို့အားလုံးသည် သေကျေပျက်စီးကြ၏။
သင်တို့၏အစေအပါးသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ ပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ငါနှင့်အတူ စားသောက်လော့’ ဟု သင်တို့တွင် မည်သူပြောမည်နည်း။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် သူတို့အတွက် လျင်မြန်စွာ တရားမျှတစွာ စီရင်ပေးလိမ့်မည်။ သို့ရာတွင် လူသားပြန်လည်ကြွလာသောအခါ သူသည် ကမ္ဘာမြေကြီးပေါ်၌ ယုံကြည်ခြင်းရှိသူကို တွေ့ရပါမည်လော” ဟု မိန့်တော်မူ၏။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
ဘုရားသခင်သည် ရှေးခေတ်လောကီသားတို့ကိုလည်း ချမ်းသာပေးတော်မမူဘဲ ထိုဘုရားတရားမဲ့သောလောကီသားတို့ကို ရေလွှမ်းမိုး၍ ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧနှင့် သူ၏ မိသားစုဝင်ခုနစ်ဦးတို့ကိုသာ ကာကွယ်တော်မူ၏။