လုကာ 17:26 - Common Language Bible26 နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible26-27 နော ဧ သည် သင်္ဘော ထဲ သို့ ဝင် လျှင် ရေ ဘေး သင့်၍ ရှိ သ မျှ ကို ဖျက် ဆီး သည့် နေ့ မ တိုင် မ ချင်း စား သောက် လျက်၊ အိမ် ထောင် လျက်၊ ပေး စား လျက် ရှိ နေ ကြ ရာ နော ဧ လက် ထက် တွင် ဖြစ် သ ကဲ့ သို့ လူ့ သား၏ နေ့ ရက် ကာ လ တွင် ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible26 နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 နောဧ၏နေ့ရက်များ၌ဖြစ်သကဲ့သို့ လူ့သား၏နေ့ရက်များ၌လည်းဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း26 လူသားသည် ပြန်ကြွလာသောအခါ နောဧ လက်ထက်၌ ဖြစ်ပျက်သကဲ့သို့ ဖြစ်ပျက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ26 နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းကြောင့်နောင်ကာလ၌ဖြစ်လတ္တံ့ သောမမြင်နိုင်သည့်အမှုအရာများနှင့်ပတ် သက်၍ ဘုရားသခင်သတိပေးတော်မူခြင်း ကိုနောဧသည်ခံရလေသည်။ သူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်ကာ မိမိ ၏အိမ်ထောင်စုကိုကယ်ဆယ်ခဲ့သောသင်္ဘော ကိုတည်ဆောက်၏။ ထို့ကြောင့်ကမ္ဘာသူကမ္ဘာ သားတို့သည် အပြစ်ဒဏ်စီရင်ခြင်းကိုခံရ လေသည်။ နောဧသည်ယုံကြည်ခြင်းအား ဖြင့်ဘုရားသခင်ထံမှဖြောင့်မတ်ခြင်းကို ရရှိသတည်း။
ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-