ယခု ဤအသုံးမကျသောအစေခံကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆို၏။
လုကာ 17:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း သင်တို့ဆောင်ရွက်ရမည့် အရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် ထိုက်တန်သောအစေခံများမဟုတ်ပါ။ မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံရမည်” ဟူ၍ မိန့်တော်မူ၏။ Common Language Bible ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။ Garrad Bible ထို နည်း တူ သင် တို့ လည်း အ မိန့် တော် အ တိုင်း အ ပြီး သတ် ဆောင် ရွက် သော် ငါ တို့ သည် အ သုံး မဲ့ ကျွန် များ ဖြစ် ကြ၏။ ဆောင် ရွက် ရန် ကိုယ့် တာ ဝန် ကို သာ ဆောင် ရွက် ခဲ့ ပြီ ဟူ၍ အောက် မေ့ ကြ ဟု မိန့် တော် မူ၏။ Judson Bible ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။ မြန်မာ ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။ |
ယခု ဤအသုံးမကျသောအစေခံကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆို၏။
ယေရှုသည် ဂျေရုဆလင်မြို့သို့ ခရီးဆက်တော်မူစဉ် ဂါလိလဲပြည်နှင့် ရှမာရိပြည် ကြားသို့ ဖြတ်၍ ကြွတော်မူ၏။
အစေခံသည် မိမိဆောင်ရွက်ရမည့်တာဝန်ကို လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် အလုပ်ရှင်သည် သူ့ကို ကျေးဇူးတင်မည်မဟုတ်။
လူအပေါင်းတို့သည် လမ်းလွဲ၍ တညီတညွတ်တည်း အသုံးမကျသောသူများဖြစ်လာကြပြီ။ ကောင်းမှုပြုသောသူမရှိ။ တစ်ယောက်မျှပင် မရှိ။
သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်ခဲ့သော်လည်း ယခုတွင်မူ သင့်အတွက်ရော ကျွန်ုပ်အတွက်ပါ အသုံးဝင်သူဖြစ်၏။