မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
လုကာ 16:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် လောကီစည်းစိမ်များနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသူများ မဟုတ်ကြလျှင် စစ်မှန်သောစည်းစိမ်များကို သင်တို့ထံ မည်သူအပ်နှံလိမ့်မည်နည်း။ Common Language Bible သို့ဖြစ်၍သင်တို့သည်လောကစည်းစိမ်ချမ်းသာ နှင့်ပတ်သက်၍သစ္စာမရှိပါမူ အဘယ်သူသည် သင်တို့အားစည်းစိမ်ချမ်းသာအစစ်အမှန်ကို အပ်မည်နည်း။- Garrad Bible ထို ကြောင့် မ ဖြောင့် မတ် သော ဓ န နှင့် စပ် လျဉ်း၍ သင် တို့ သ စ္စာ မဲ့ ခဲ့ လျှင် မှန် သော ဝ တ္ထု ကို မည် သူ အပ် နှံ အံ့ နည်း။ Judson Bible သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်တို့သည် မဖြောင့်မတ်သောလောကီစည်းစိမ်၌ သစ္စာမရှိကြလျှင် စစ်မှန်သောစည်းစိမ်ကို မည်သူက သင်တို့၌ ယုံကြည်အပ်နှံထားမည်နည်း။ မြန်မာ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။- |
မည်သူမျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေအား တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ။
သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးကမ်းကြလော့။ သင်တို့အတွက် မဆွေးမြေ့နိုင်သည့် ပိုက်ဆံအိတ်များကို ပြုလုပ်၍ သူခိုးမကပ်၊ ပိုးမဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဘဏ္ဍာကို သိုထားကြလော့။
ထိုနည်းတူ သင်တို့သည် သူတစ်ပါး၏ဥစ္စာများနှင့်ပတ်သက်၍ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ကိုယ်ပိုင်ဥစ္စာအဖြစ် ပေးမည်နည်း။
သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
ထိုသူ၏စကားကို ကြားသောအခါ ယေရှုက “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သင်၏ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။