တွေ့ရှိသောအခါ မပျောက်ဆုံးသော သိုးကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်ရသည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်ရသည်ဟု ငါအမှန်ဆို၏။
လုကာ 15:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရရန် မလိုသောသူ ကိုးဆယ့်ကိုးဦးအတွက် ဝမ်းမြောက်သည်ထက် အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံ ပြန်လာသောသူတစ်ဦးအတွက် ကောင်းကင်ဘုံတွင် ပို၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ Common Language Bible ထိုနည်းတူစွာနောင်တရရန်မလိုသောဂုဏ် အသရေရှိသူကိုးဆယ့်ကိုးယောက်အတွက် ထက် အပြစ်ကူးသူတစ်ယောက်နောင်တရသည့် အတွက်ကောင်းကင်ဘုံတွင်ပို၍ရွှင်လန်းဝမ်း မြောက်ခြင်းရှိလိမ့်မည်ဟုငါဆိုသည်။ Garrad Bible ထို နည်း တူ နောင် တ ရ ရန် မ လို သော သူ တော် ကောင်း ကိုး ဆယ် ကိုး ယောက် အ တွက် ထက် နောင် တ ရ သူ အ ပြစ် သား တစ် ယောက် အ တွက် ကောင်း ကင် ဘုံ တွင် ဝမ်း မြောက် ခြင်း ရှိ လိမ့် မည် ငါ ဆို၏။ Judson Bible ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။ မြန်မာ ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။ |
တွေ့ရှိသောအခါ မပျောက်ဆုံးသော သိုးကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်ရသည်ထက် ထိုသိုးတစ်ကောင်အတွက် ပို၍ဝမ်းမြောက်ရသည်ဟု ငါအမှန်ဆို၏။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်ဖြင့် သက်သေထူကြလော့။
သင်တို့အား ငါပြောဆိုသည်မှာ ထိုနည်းတူ အပြစ်သားတစ်ဦး နောင်တရသောအခါ ဘုရားသခင်၏ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။
သို့သော် သူသည် ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့စကား တစ်ခွန်းကိုမျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများနှင့်အတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် အဖေသည် ကျွန်ုပ်အား ဆိတ်ငယ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
အိမ်ရောက်သောအခါ မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ခေါ်လျက် ‘ပျောက်သောသိုးကို တွေ့ပြီဖြစ်သောကြောင့် ငါနှင့်အတူဝမ်းမြောက်ကြလော့’ ဟု ပြောလိမ့်မည်။
တစ်နည်းဆိုသော် အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိ၍ ထိုအထဲမှ တစ်ပြားပျောက်သွားပါက သူသည် ဆီမီးခွက်ကိုထွန်း၍ အိမ်အခန်းထောင့်ရှိသမျှတို့ကို လှည်းကျင်းပြီး ပြန်တွေ့သည်အထိ ဂရုတစိုက်ရှာဖွေမည် မဟုတ်လော။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ငါသည် ဖြောင့်မတ်သောသူတို့ကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန်အတွက် လာ၍ ခေါ်သည်” ဟု မိန့်တော်မူ၏။
တစ်ချိန်က ကျွန်ုပ်သည် ပညတ်တရားကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ကို သိရှိလာသည်နှင့် တစ်ပြိုင်နက် အပြစ်တရားသည် အသက်ဝင်လာ၏။