ယေရှုက “သင်တို့၏ သိုးတစ်ကောင်သည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျလျှင် သင်တို့သည် ထိုသိုးကို ဆယ်ယူကြသည်မဟုတ်လော။
လုကာ 15:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “အကယ်၍ သင်တို့အထဲမှ တစ်စုံတစ်ဦးတွင် သိုးအကောင်တစ်ရာရှိရာ ထိုသိုးများအနက် တစ်ကောင်ပျောက်ဆုံးသွားပါက အခြားသောသိုး ကိုးဆယ့်ကိုးကောင်ကို စားကျက်တွင် ထားခဲ့ပြီးလျှင် ပျောက်သောသိုးတစ်ကောင်ကို တွေ့သည်တိုင်အောင် ရှာမည်မဟုတ်လော။ Common Language Bible ``သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည် သိုးအကောင်တစ်ရာရှိ၍တစ်ကောင်ပျောက် လျှင်မည်သို့ပြုမည်နည်း။ သူသည်ကျန်ကိုးဆယ့် ကိုးကောင်ကိုစားကျက်တွင်ထားခဲ့၍ ပျောက် သောသိုးကိုမတွေ့မချင်းရှာမည်မဟုတ် လော။- Garrad Bible သင် တို့ တွင် တစ် ယောက် ယောက် သည် သိုး တစ် ရာ ရှိ၍ တစ် ကောင် ပျောက် သွား လျှင် ကျန် ကိုး ဆယ့် ကိုး ကောင် ကို တော တွင် ထား ခဲ့ ပြီး သော် ပျောက် သော သိုး ကို မ တွေ့ မ ချင်း မ လိုက် ဘဲ မည် သူ နေ အံ့ နည်း။ Judson Bible သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။- မြန်မာ့စံမီသမ္မာကျမ်း “သင်တို့ထဲမှ တစ်စုံတစ်ဦး၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည်ပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောကန္တာရ၌ထားခဲ့၍ ပျောက်ဆုံးသောသိုးကိုမတွေ့မချင်းလိုက်ရှာမည်မဟုတ်လော။ မြန်မာ သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။- |
ယေရှုက “သင်တို့၏ သိုးတစ်ကောင်သည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ ကျလျှင် သင်တို့သည် ထိုသိုးကို ဆယ်ယူကြသည်မဟုတ်လော။
သို့သော် သခင်ဘုရားက “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့ရှိသမျှသည် ဥပုသ်နေ့တွင် သင်၏နွား၊ မြည်းများကို တင်းကုပ်ထဲမှ ကြိုးဖြေ၍ ရေတိုက်ရန် ခေါ်ဆောင်ကြသည်မဟုတ်ပါလော။
အဘယ်ကြောင့်ဆိုသော် လူသားသည် ပျောက်ဆုံးနေသောသူများကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။
သင်တို့သည် ယခင်က လမ်းလွဲ၍ ပျောက်သောသိုးများနှင့်တူကြ၏။ သို့သော် ယခုတွင် သင်တို့၏ စိတ်ဝိညာဉ်ကို ကြည့်ရှုပြုစုသော သိုးထိန်းထံသို့ ပြန်ရောက်ကြပြီ။