လုကာ 14:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အရသာမဲ့သော ဆားသည် မြေဆီသြဇာအတွက်ဖြစ်စေ၊ အမှိုက်ပုံအတွက်ပင်ဖြစ်စေ မည်သို့မျှ အသုံးမဝင်ဘဲ အပြင်သို့ လွှင့်ပစ်လိုက်ရ၏။ နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု မိန့်တော်မူ၏။ Common Language Bible လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ထို ဆား သည် မြေ အ ဖို့ မ ကောင်း၊ မြေ သြ ဇာ ဖို့ လည်း မ ကောင်း၊ ပြင် သို့ ပစ် လိုက် တတ် ကြ၏။ ကြား နာ ရန် နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ၏။ Judson Bible မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မြေကြီးအတွက်ဖြစ်စေ၊ မြေသြဇာအတွက်ဖြစ်စေ အသုံးမဝင်တော့သဖြင့် ၎င်းကို အပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ မြန်မာ မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ |
ခြံစောင့်လုပ်သားက ‘ဆရာ… ဤအပင်ကို ယခုတစ်နှစ်တော့ရှိစေပါ။ ကျွန်ုပ်သည် အပင်ပတ်လည်ကို တူးဆွကာ မြေသြဇာထည့်၍ ပြုစုပါမည်။
တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ စိုက်ပျိုးသည်ထက် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟူ၍ ဖြစ်၏။ ထိုသို့ မိန့်တော်မူပြီးမှ “နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု ကြွေးကြော်တော်မူ၏။
“ငါ့စကားကို မှတ်သားကြလော့။ လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။