ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
လုကာ 14:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုအနီးတွင် ထိုင်နေသူတစ်ဦးက ထိုစကားတော်ကို ကြားသောအခါ “ဘုရားသခင်၏နိုင်ငံတော်ထဲ၌ စားသောက်ခွင့်ရမည့်သူသည် မင်္ဂလာရှိ၏” ဟု လျှောက်လေ၏။ Common Language Bible ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။ Garrad Bible ထို စ ကား များ ကို ကြား သော စား ပွဲ တော် ထိုင် ဘက် တစ် ယောက် က ဘု ရား သ ခင့် နိုင် ငံ တော် တွင် သုံး ဆောင် ရ မည့် သူ၌ မင်္ဂ လာ ရှိ ပေ သည် ဟု ဆို သော်၊ Judson Bible စားပွဲ၌ လျောင်းသောသူတစ်ယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်နှင့်အတူထိုင်နေသောသူတစ်ဦးသည် ထိုစကားတော်တို့ကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ပွဲ၌ပါဝင်ရသောသူသည် မင်္ဂလာရှိ၏”ဟု လျှောက်လေ၏။ မြန်မာ စားပွဲ၌ လျောင်းသောသူတစ်ယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊- |
ပညာသတိမဲ့သော အပျိုရံတို့သည် ဆီဝယ်ရန် သွားနေကြစဉ် သတို့သားရောက်လာ၏။ အဆင်သင့်ရှိနေသော အပျိုရံတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ ဝင်သွားပြီးနောက် တံခါးသည်လည်း ပိတ်လေ၏။
သင်တို့အား ငါပြောဆိုသည်မှာ လူမျိုးခြားများစွာတို့သည် အရှေ့အရပ်နှင့် အနောက်အရပ်မှ လာ၍ ကောင်းကင်နိုင်ငံတော်၏ စားသောက်ပွဲ၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ကြလိမ့်မည်။
ထိုသို့ သခင်၏အိမ်အပြန်ကို အသင့်စောင့်နေကြသောအစေခံတို့သည် မင်္ဂလာရှိကြ၏။ ငါအမှန်ဆိုရလျှင် ထိုသခင်သည် အစေခံများအား ထိုင်စေ၍ ခါးစည်းကို ဝတ်လျက် မိမိကိုယ်တိုင် ဧည့်ခံကျွေးမွေးလိမ့်မည်။
ကမ္ဘာတစ်ဝန်းလုံးရှိ လူအပေါင်းတို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်မှ ရောက်လာကြ၍ ဘုရားသခင်၏နိုင်ငံတော်ထဲ၌ စားသောက်ကြလိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် မပြည့်စုံမီအချိန်ထိ ဤပသခါပွဲတော်ညစာကို နောက်တစ်ဖန် ငါစားမည်မဟုတ်” ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သင်တို့သည် ငါ့နိုင်ငံတော်၊ ငါ့စားပွဲတွင် စားသောက်ခွင့်ရလိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များပေါ်တွင်ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။
ထိုအခါ ကောင်းကင်တမန်က “ဤစာကို ရေးထားလော့။ သိုးသငယ်၏မင်္ဂလာပွဲသို့ ဖိတ်ကြားခံရသောသူတို့သည် မင်္ဂလာရှိကြ၏” ဟု ကျွန်ုပ်အား ပြော၏။ ထို့နောက် “ဤအရာများသည် ဘုရားသခင်၏ မှန်ကန်သော နှုတ်တော်ထွက်စကားများဖြစ်၏” ဟု ထပ်မံပြောဆို၏။