လုကာ 13:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့မိန့်တော်မူသောအခါ ယေရှုကို ဆန့်ကျင်သူတို့သည် အရှက်ရကြ၏။ သို့သော် အခြားသောလူထုပရိသတ်တစ်ရပ်လုံးသည် ယေရှုလုပ်ဆောင်သော အံ့ဖွယ်အမှုများကြောင့် ဝမ်းမြောက်လျက်ရှိကြ၏။ Common Language Bible ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။ Garrad Bible တစ် ဘက် ရှိ သူ အ ပေါင်း တို့ အ ရှက် ကွဲ ကြ၏။ လူ ပ ရိ သတ် ရှိ သ မျှ မှာ မူ ကိုယ် တော် ပြု တော် မူ သော ချီး မွမ်း ထိုက် ရာ ခပ် သိမ်း ကြောင့် ဝမ်း မြောက် ကြ သ တည်း။ Judson Bible ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသောအံ့သြဖွယ်အမှုများတို့ကို လူအပေါင်းတို့သည်နှစ်သက်ဝမ်းမြောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။ မြန်မာ ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသောအံ့သြဖွယ်အမှုများတို့ကို လူအပေါင်းတို့သည်နှစ်သက်ဝမ်းမြောက်ကြ၏။ |
ထိုသူသည် ချက်ချင်း မျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် ယေရှုနောက်တော်သို့ လိုက်လေ၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်သောလူအားလုံးတို့သည်လည်း ဘုရားသခင်ကို ချီးမွမ်းကြ၏။
သို့ရာတွင် လူထုတစ်ရပ်လုံးက ယေရှုမိန့်တော်မူသည့် စကားတော်တိုင်းကို တစိုက်မတ်မတ်နားထောင်လျက်ရှိသောကြောင့် လုပ်ဆောင်ခွင့်ကို မတွေ့နိုင်ကြပေ။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။
သို့သော် သူတို့သည် များစွာ ရှေ့ဆက်တိုးနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိုက်မဲမှုသည် ယန္နေနှင့် ယံဗြေတို့၏ မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့တွင် ထင်ရှားမည် ဖြစ်သောကြောင့်ပင်။
အပြစ်ဆိုဖွယ်မရှိသည့် မှန်ကန်သောစကားကို ပြောဆိုခြင်းတို့ဖြင့် သွန်သင်လော့။ ထိုအခါ သင့်ကို ဆန့်ကျင်သောသူတို့သည် ကဲ့ရဲ့စရာအကြောင်းမရှိသဖြင့် အရှက်ကွဲကြလိမ့်မည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်နှင့် တလေးတစားဖြေဆိုကြလော့။ သင်တို့ကို ကဲ့ရဲ့ရှုတ်ချကြသောသူတို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသင်တို့၏ ကောင်းမွန်စွာ ပြုမူနေထိုင်ပုံကို မြင်၍ အရှက်ရကြစေရန် လိပ်ပြာသန့်စွာ ပြုမူနေထိုင်ကြလော့။