ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
လုကာ 13:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။ Common Language Bible သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။ Garrad Bible အား လျော့ ခြင်း မှ သင် လွတ် ကင်း ပြီ ဟု ဆို လျက် လက် တင် တော် မူ လျှင် မူ ချင်း ထို မိန်း မ သည် ခါး ဖြောင့်၍ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လေ၏။ Judson Bible သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ချင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူ့အပေါ် လက်တော်ကိုတင်တော်မူ၏။ ထိုခဏချင်းတွင် သူ၏ခါးသည် ပြန်လည်တည့်မတ်သွား၍ သူသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလေ၏။ မြန်မာ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ချင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- |
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
“အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။
ထိုသူတို့၏ မယုံကြည်နိုင်ခြင်းကြောင့် ဖျားနာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်၍ ကျန်းမာစေခြင်းမှအပ ထိုဒေသ၌ အခြားအံ့ဖွယ်တန်ခိုးတို့ကို ပြတော်မမူနိုင်ပေ။
တစ်ဖန် ယေရှုသည် ထိုသူ၏ မျက်စိပေါ်သို့ လက်တော်ကို တင်တော်မူ၏။ ထိုအခါ သူသည် အကောင်းပကတိအတိုင်းပြန်ဖြစ်၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်လေ၏။
ယေရှုသည် သူ့ကို မြင်တော်မူလျှင် မိမိထံသို့ ခေါ်၍ “အို အမျိုးသမီး… သင့်ရောဂါ ပျောက်ပြီ” ဟု မိန့်လျက်
ထိုသူသည် ချက်ချင်း မျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် ယေရှုနောက်တော်သို့ လိုက်လေ၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်သောလူအားလုံးတို့သည်လည်း ဘုရားသခင်ကို ချီးမွမ်းကြ၏။
နေဝင်ချိန်တွင် လူအပေါင်းတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဖျားနာသောသူများကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်ကို တင်၍ သူတို့ကို ကျန်းမာစေတော်မူ၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။