သားသည် ဖခင်ကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း၊ အချင်းချင်း ဆန့်ကျင်စေရန် ငါလာ၏။
လုကာ 12:53 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအိမ်ထောင်တွင် ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း အချင်းချင်းဆန့်ကျင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။ Judson Bible အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖခင်သည် သားကိုလည်းကောင်း၊ သားသည် ဖခင်ကိုလည်းကောင်း၊ မိခင်သည် သမီးကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ယောက္ခမသည် ချွေးမကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ဆန့်ကျင်လျက် ကွဲပြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ အဘနှင့် သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။ |
သားသည် ဖခင်ကိုလည်းကောင်း၊ သမီးသည် မိခင်ကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း၊ အချင်းချင်း ဆန့်ကျင်စေရန် ငါလာ၏။
ထိုကာလ၌ လူများစွာတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲ၍ အချင်းချင်း သစ္စာဖောက်လျက် မုန်းတီးကြလိမ့်မည်။
ယခုမှစ၍ ငါးဦးရှိသောအိမ်ထောင်တစ်စုတွင် သုံးဦးသည် နှစ်ဦးကိုလည်းကောင်း၊ နှစ်ဦးသည် သုံးဦးကိုလည်းကောင်း ဆန့်ကျင်၍ ကွဲပြားကြလိမ့်မည်။