ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
လုကာ 12:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိတ်ဆွေတို့… သင်တို့အား ငါပြောမည်။ ကိုယ်ခန္ဓာကိုသာ သတ်၍ နောက်ထပ်အဘယ်အရာကိုမျှမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ Common Language Bible ``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။- Garrad Bible ငါ့ ချစ် ဆွေ၊ သင် တို့ အား ငါ ဆို သည် ကား ကိုယ် ခ န္ဓာ ကို သတ် ပြီး နောက် မည် သို့ မျှ ထပ် မံ မ ပြု နိုင် သော သူ တို့ ကို မ ကြောက် ကြ နှင့်။ Judson Bible ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ငါ၏မိတ်ဆွေများဖြစ်ကြသောသင်တို့အား ငါဆိုမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးသည့်နောက်တွင် အခြားမည်သည့်အရာကိုမျှ ထပ်၍မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။ မြန်မာ ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တစ်ဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။- |
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
မိမိမိတ်ဆွေတို့အတွက် အသက်ပေးချစ်သော ချစ်ခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိပေ။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် သတင်းကောင်းကို သက်သေခံရန်အတွက် သခင်ယေရှုထံမှ လက်ခံရရှိသည့် အလုပ်တာဝန်နှင့် အမှုတော်ကို ပြီးစီးနိုင်မည်ဆိုလျှင် ကျွန်ုပ်သည် မိမိအသက်ကိုပင် မနှမြောပါ။
ပေတရုနှင့် ယောဟန်တို့မှာ ပညာတတ်မဟုတ်၊ သာမန်လူသာဖြစ်လျက်နှင့် ထိုသို့ရဲစွမ်းသတ္တိရှိကြသည်ကို မြင်သောအခါ ထိုသူတို့သည် အံ့သြကြ၏။ ထို့ပြင် ယေရှု၏အပေါင်းအဖော်များဖြစ်ကြောင်းကိုလည်း မှတ်မိကြ၏။
သင်တို့ကို ဆန့်ကျင်သောသူများကြောင့် မကြောက်ရွံ့ကြနှင့်။ ဤသို့မကြောက်ရွံခြင်းသည် သူတို့အတွက် ပျက်စီးမည့်လက္ခဏာဖြစ်ပြီး သင်တို့အတွက်မူ ဘုရားသခင်ကိုယ်တိုင် ကယ်တင်မည့်လက္ခဏာဖြစ်၏။
“အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို ထောက်၍ ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏” ဟူသော ကျမ်းစကားသည် လက်တွေ့ဖြစ်လာ၏။ ဘုရားသခင်သည် အာဗြဟံအား “ငါ့မိတ်ဆွေ” ဟု ခေါ်တော်မူ၏။
ဖြောင့်မတ်စွာ ပြုမူခြင်းအတွက် ဆင်းရဲဒုက္ခခံစားရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ လူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။