ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
လုကာ 12:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးကမ်းကြလော့။ သင်တို့အတွက် မဆွေးမြေ့နိုင်သည့် ပိုက်ဆံအိတ်များကို ပြုလုပ်၍ သူခိုးမကပ်၊ ပိုးမဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဘဏ္ဍာကို သိုထားကြလော့။ Common Language Bible သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။- Garrad Bible ကိုယ့် ပ စ္စည်း များ ကို ရောင်း ချ၍ စွန့် ကြဲ ပေး ကမ်း ကြ လော့။ မ ဆွေး နိုင် သော ငွေ အိတ် များ ကို လုပ်၍ သူ ခိုး ကပ် ခြင်း၊ ပိုး မွှား ဖျက် ခြင်း ကင်း ရာ ကောင်း ကင် ဘုံ တွင် မ ကုန် မ ဆုံး နိုင် သော ဘ ဏ္ဍာ ကို သို မှီး ကြ လော့။ Judson Bible သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။ မြန်မာ သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။- |
ယေရှုက “သင်သည် ပြည့်စုံလိုပါက သွား၍ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
ထိုကဲ့သို့ပင် မိမိအတွက် စည်းစိမ်ဥစ္စာများကို စုသိမ်းထားသော်လည်း ဘုရားသခင်ရှေ့တွင် ဆင်းရဲသောသူသည် ထိုသူဌေးနှင့်တူ၏” ဟု မိန့်တော်မူ၏။
သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
ထိုသူ၏စကားကို ကြားသောအခါ ယေရှုက “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သင်၏ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
သူတို့သည် မိမိတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းတို့ကို ရောင်းချ၍ ရရှိသောအကျိုးအမြတ်များကို လိုအပ်နေသောသူအပေါင်းတို့အား ဝေငှပေးကမ်းကြ၏။
သူတို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့သည် အလွန်ပျော်ရွှင်ခဲ့ကြသဖြင့် အလွန်ဆင်းရဲသော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။