တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
လုကာ 11:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ပြောသကဲ့သို့ ငါသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်စေတော့။ စာတန်သည် မိမိကိုယ်မိမိဆန့်ကျင်လျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲလိမ့်မည်နည်း။ Common Language Bible ထို့ကြောင့်စာတန်၏နိုင်ငံတွင်စိတ်ဝမ်းကွဲပြား မှုရှိလျှင် အဘယ်သို့လျှင်ရပ်တည်နိုင်မည်နည်း။ ငါသည်ဗေလဇေဗုလကိုအမှီပြု၍ နတ်မိစ္ဆာ များကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြ၏။- Judson Bible ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း စာတန်သည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲနိုင်မည်နည်း။ ဤသို့ဆိုခြင်းမှာ ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြသောကြောင့်ဖြစ်၏။ မြန်မာ ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။- |
တပည့်သည် ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်း ဖြစ်လာလျှင် လုံလောက်ပါ၏။ အိမ်ထောင်ဦးစီးဖြစ်သူကို နတ်ဆိုးမင်းဟု ခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ ဆိုးရွားစွာ ခေါ်ကြလိမ့်မည်။
အကယ်၍ စာတန်သည် စာတန်ကို နှင်ထုတ်လျှင် သူသည် မိမိကိုယ်မိမိ ပြိုကွဲရန် တိုက်ခိုက်ခြင်းဖြစ်၏။ သူ၏ နိုင်ငံသည်လည်း တည်တံ့ခိုင်မြဲမည်မဟုတ်။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
သို့သော် တချို့က “သူသည် နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ဆိုကြ၏။